Apple ဟာ iPad စတင် ထုတ်လုပ်ဖို့ အိန္ဒိယနဲ့ ဆွေးနွေးနေတယ်လို့ CNBC က သတင်းအရင်းအမြစ် ၂ ခုကို ကိုးကားကာ ပြောပါတယ်။ Chennai, Tamil Nadu အနားမှာ စက်ရုံ တည်ဆောက်ကာ တက်ဘလက်တွေ ထုတ်လုပ်ဖို့အတွက် Apple ဟာ အိန္ဒိယ အစိုးရနဲ့ စကားပြောနေပြီး စီမံကိန်း အသေးစိတ်ကို မသိရသေးပါဘူး။

Apple considers shift of iPad manufacturing to India

၂၀၂၀ ခုနှစ် အစောပိုင်း ကပ်ရောဂါ စတင် ကတည်းက Apple ဟာ ကုန်ပစ္စည်း ထုတ်လုပ်ဖို့အတွက် တရုတ်ကို မှီခိုနေရတာကို လျှော့ချဖို့ စဉ်းစားလာပါတယ်။ အခုဆိုရင် အိန္ဒိယ စက်ရုံမှာ AirPods , Beats တို့နဲ့အတူ iPhone 14 ကိုပါ ထုတ်လုပ်နေပါတယ်။ iPhone 14 က လွဲပြီး အဲဒီ စက်ရုံမှာ တခြား ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေဟာ မော်ဒယ် အဟောင်းတွေ ဖြစ်ပါတယ်။

Apple iPad Air (2022) review: it's the nice one - The Verge

ရှုပ်ထွေးတဲ့ မိုဘိုင်း ကိရိယာတွေ ထုတ်လုပ်ဖို့အတွက် ကျွမ်းကျင် လုပ်သား ရှားပါးမှုကြောင့် Apple ဟာ အိန္ဒိယမှာ iPad ပြောင်းရွှေ့ထုတ်လုပ်ဖို့ စဉ်းစားနေရတာ ဖြစ်တယ်လို့ သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။

လက်ရှိမှာ iPhone အားလုံးရဲ့ ၁၀ ရာခိုင်နှုန်းနဲ့ iPhone 14 ရဲ့ ၅ ရာခိုင်နှုန်းကို Chennai က Foxconn စက်ရုံမှာ ထုတ်လုပ်တာ ဖြစ်ပါတယ်။ Apple ဟာ စက်ရုံတွေကို ဗီယက်နမ်၊ မလေးရှားနဲ့ အမေရိကန်မှာ တိုးချဲ့တည်ဆောက်ဖို့ စီစဉ်နေပါတယ်။

Ref : gsmarena