Apple ဟာ မကြာခင်က ပူပူနွေးနွေး ကြေညာထားတဲ့ AirPods Max ရဲ့ ဘက်ထရီနဲ့ အားသွင်းနည်းပညာတွေအကြောင်းကို ရှင်းပြထားတဲ့ Support Page အသစ် ၁ ခုကို လွှင့်တင်လိုက်ပါတယ်။ သင် နားကြပ်ကို မသုံးတဲ့အချိန်မှာ Low Power Mode ကို ပြောင်းသွားတဲ့ အကြောင်းက စိတ်ဝင်စားစရာ အကောင်းဆုံး ဖြစ်ပါတယ်။
Support Page မှာ နားကြပ်ကို မသုံးဘဲ ချထားပြီးနောက် ၅ မိနစ်ကြာရင် ဘက်ထရီ မကုန်အောင် Low Power Mode ကို အလိုလို ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။ ၇၂ နာရီကြာပြီးနောက်မှာ Bluetooth နဲ့ ဖုန်းပျောက်ရင် ရှာဖွေပေးတဲ့ Find My Service တွေကို ပိတ်ပေးမှာ ဖြစ်ပါတယ်။
Case ကို အသုံးပြုတဲ့အချိန်မှာလည်း AirPods Max ဟာ Low Power Mode ကို ပြောင်းပေးမှာ ဖြစ်ပါတယ်။ Case ထဲ ထည့်ပြီးနောက် ၁၈ နာရီအချိန်မှာ Bluetooth နဲ့ Find My Service တွေကို ပိတ်ပေးတဲ့ Ultralow Power Mode ကို ပြောင်းပေးမှာပါ။ Apple က Ultralow Power Mode လို့ သုံးနှုန်းထားပြီး ရိုးရိုး Low Power Mode နဲ့ ဘာကွာသလဲဆိုတာ ရှင်းရှင်းလင်းလင်း မပြောထားပါဘူး။
Ref : gsmarena