ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ပျံ့နှံ့လာတာဖြစ်ပြီး တစ်ကမ္ဘာလုံးက လူသားတွေအတွက် အကြီးအကျယ်ဒုက္ခပေးလာချိန်မှာ နိုင်ငံအတော်များများကတော့ စတင်ဖြစ်ပွားတဲ့ နိုင်ငံကို လက်ညှိုးထိုး အပြစ်တင်ချင်လာကြပြီပဲ ဖြစ်ပါတယ်။


လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အထိနာနေတဲ့ နိုင်ငံကြီးတွေထဲမှာ အမေရိကန်နိုင်ငံလည်း အပါအဝင်ဖြစ်ပါတယ်။ အစိုးရအချင်းချင်း တင်းမာနေတဲ့အခြေအနေမှာရှိပြီး စီးပွားရေးသမားတွေကလည်း စီးပွားရေးရှုထောင့်ကပဲ ရပ်တည်တယ်ဆိုတဲ့ အမြင်တွေရှိနေကြပေမယ့် ဒီကပ်ဘေးကြီးမှာတော့ လူသားဆန်မှုတွေ ပြသနေကြတယ်လို့ ဆိုရမှာပါ။

အမေရိကန်နည်းပညာကုမ္ပဏီကြီးကတော့ ယွမ် သန်း ၅၀ ကျော်နဲ့ညီမျှတဲ့ ဒေါ်လာ ၇ သန်းကို ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ဖို့အတွက် တရုတ်နိုင်ငံဆီ လှူဒါန်းခဲ့ပါတယ်။ ဒီအကြောင်းကို Apple CEO Tim Cook က တွစ်တာမှာ တင်ပြီးမျှဝေခဲ့တာ ဖြစ်ပါတယ်။ Apple ရဲ့ ဒီလှူဒါန်းမှုဟာ တရုတ်နိုင်ငံတစ်နိုင်ငံတည်းအတွက်တော့ မဟုတ်ခဲ့ပါဘူး။


Apple အနေနဲ့ အမေရိကန်ပြည်ထောင်စုအတွက် Mask ပေါင်း ၁၀ သန်းလှူဒါန်းတဲ့အပြင် အခြားဥရောပဒေသမှာရှိတဲ့ ရုန်းကန်နေရတဲ့ဒေသတွေအတွက် “သန်းနဲ့ချီတဲ့” အလှူတွေလည်း လှူဒါန်းလိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့လှူဒါန်းမှုတုန်းကလည်း အမေရိကန်အပါအဝင် အပြည်ပြည်ဆိုင်ရာအတွက် ဒေါ်လာ ၁၅ သန်းလှူခဲ့သေးတာပါ။

Apple ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှုကြောင့်ဖြစ်ပေါ်လာတဲ့ ကပ်ရောဂါကြီးထဲမှာ ကံကောင်းထောက်မစွာနဲ့ ဝင်ငွေသိသိသာသာ ကျဆင်းမသွားသေးတဲ့ ကုမ္ပဏီအဖြစ် ကျန်ရစ်နေပါသေးတယ်။ Apple ဟာ တရုတ်နိုင်ငံဈေးကွက်ထဲက သူ့ရဲ့ စတိုးပေါင်း ၂၄ ခုလုံးကို မတ်လလယ်ကတည်းက ပြန်လည်ဖွင့်လှစ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Ref: Phone arena