၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ Apple ဟာ  9th Gen iPad ကို ကြေညာခဲ့ပါတယ်။ ကုမ္ပဏီဟာ ဒီနှစ်ထဲမှာလည်း နောက်မျိုးဆက် iPad ကို ကြေညာဖို့ ပြင်ဆင်နေပါတယ်။ အခုတော့ တရားဝင် မကြေညာရသေးခင်မှာ iPad 2022 ရဲ့ ဓါတ်ပုံတွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။

Apple

MySmartPrice က အဲဒီ ဓါတ်ပုံတွေကို မျှဝေလိုက်တာ ဖြစ်ပြီး ဒီဇိုင်းကို သေသေချာချာ လေ့လာလို့ရလာပါတယ်။ အရင်က အဲဒီ တက်ဘလက်မှာ USB Type C ကို ပြောင်းလဲ အသုံးပြုထားမယ်လို့ သတင်းထွက်ခဲ့ပြီး အခု ဓါတ်ပုံတွေမှာ အဲဒီ လုပ်ဆောင်ချက်ကို အတည်မပြုထားပါဘူး။ ဓါတ်ပုံတွေကို ကြည့်ရင် နောက်မျိုးဆက် iPad ဟာ ဒီဇိုင်း အပိုင်းမှာ 9th iPad နဲ့ တူညီပြီး ထိပ်ဖက်မှာ အရှေ့ ကင်မရာနဲ့ အောက်ခြေမှာ Touch ID တပ်ဆင်ထားပါတယ်။

Apple

မျက်နှာပြင် ပတ်လည်က ဘောင်တွေက ထူထဲတာကို မြင်ရပြီး အနောက်ဘက်က ကင်မရာ ဆန်ဆာတွေက ရှည်လျားပါတယ်။ ဒါပေမယ့် 9th Gen iPad နဲ့ မတူညီတာက ဘဲဥပုံသဏ္ဍာန် ကင်မရာ Module ပါလာတာဖြစ်ပြီး iPhone X Series နဲ့ ဒီဇိုင်း တူညီပါတယ်။ အဲဒီမှာ ကင်မရာ ၁ လုံးနဲ့ LED Flash Module ၁ လုံး ထည့်သွင်းထားပြီး အနောက်ဘက်မှာ Apple Logo ကို ရေးထွင်းထားပါတယ်။

တက်ဘလက် အောက်ခြေမှာ စပီကာ အပေါက် ၂ ခုနဲ့ အထက်မှာ ၂ ခု ထည့်သွင်းထားပြီး အားသွင်းပေါက်ကို မြင်ရပေမယ့် အနီရောင်နဲ့ ကာထားပါတယ်။ အဲဒီအတွက် Type C Port လား Apple Lightning Port လား ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ 10th Gen iPad မှာ iPhone 12 Series မှာလို A14 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး ၁၀.၅ လက်မ သို့မဟုတ် ၁၀.၉ လက်မ Retina မျက်နှာပြင်တွေ ပါလာနိုင်ပါတယ်။ လက်ရှိမှာ iPad 2022 ရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်ပဲ သိရပါသေးတယ်။

Ref : gizmochina