Apple ဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းတုန်းက iPhone 12 Series ဘေးဘောင်တွေကို လေးထောင့် Design နဲ့ပြောင်းလဲပြီး မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ iPhone 12 Series ဖုန်းတွေဟာ 5G ကို Support ပြုလုပ်တဲ့ ပထမဆုံး iPhone တွေလည်းဖြစ်တဲ့အတွက် လက်ရှိအချိန်အထိ ရောင်းအားအကောင်းဆုံးဖုန်းတွေအဖြစ် နေရာယူထားတာဖြစ်ပါတယ်။

အခုအချိန်မှာတော့ ၂၀၂၁ နှစ်ကုန်ပိုင်းမှာ မိတ်ဆက်လာဖို့ရှိနေတဲ့ iPhone 13 Series နဲ့ ပတ်သက်ပြီး သတင်းတွေထွက်ရှိလာပြီဖြစ်ပါတယ်။ အဆိုပါ iPhone 13 Series မှာ Pro Series ဖုန်းတွေအတွက် 120Hz OLED Display တွေကို ပြောင်းလဲအသုံးပြုလာမယ်လို့ သတင်းထွက်ခဲ့ပြီး အခုသတင်းကတော့ Design ပိုင်းနဲ့ သက်ဆိုင်နေတာဖြစ်ပါတယ်။

iPhone 13 Series ဟာ Design ပိုင်းမှာ ကြီးမားတဲ့ပြောင်းလဲမှုရှိမှာမဟုတ်ဘဲ iPhone 12 Series အတိုင်း ဘေးဘက်ဘောင်တွေကို လေးထောင့်ဆန်ဆန်ပြုလုပ်ထားမယ်လို့ သိရပါတယ်။ ဒါပေမယ့် လက်ရှိ iPhone 12 Series ဖုန်းတွေထက် 0.26mm ခန့် ပိုပြီး ထူလာမှာဖြစ်ပါတယ်။

Face ID အတွက် Notch ကိုလည်း ဆက်လက်ထည့်သွင်းထားဦးမှာဖြစ်ပြီး Notch ရဲ့ အရွယ်အစားကို ပိုပြီးသေးငယ်အောင် ပြုလုပ်ထားတယ်လို့ သိရပါတယ်။ ဒီလိုမျိုး ပိုသေးအောင်ပြုလုပ်ဖို့အတွက် Top Receiver ရဲ့ နေရာကို ပြောင်းလဲထားတာဖြစ်ပါတယ်။ Camera အနေနဲ့ကတော့ လက်ရှိ iPhone 12 Series နဲ့ တူညီမှာဖြစ်ပေမယ့် Camera Bump Design ကို အနည်းငယ်ပြောင်းလဲလာဖို့ရှိနေပါတယ်။

အခုသတင်းတွေကိုတော့ Japanese Blog တစ်ခုဖြစ်တဲ့ MacOtakara ကနေ ဖော်ပြသွားခဲ့တာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် iPhone 13 Series ဖုန်းတွေဟာ Pro Model တွေမှာ 120Hz OLED Display ပြောင်းလဲတာကလွဲပြီး ကျန်တဲ့အပိုင်းတွေမှာ ပြောင်းလဲမှုကြီးကြီးမားမားရှိမှာမဟုတ်ဘူးလို့ ယူဆရပါတယ်။

Ref – GSM Arena