Apple ဟာ ၂၀၂၃ ခုနှစ်ထုတ် iPhone Series မှာ Periscope Telephoto Lens Sensor တွေ ထည့်သွင်းလာနိုင်ပါတယ။ Apple ဟာ Lens Supplier တွေနဲ့ သဘောတူညီမှုရထားပြီးပြီ ဖြစ်ပြီး iPhone 15 Series က စတင်ကာ အဲဒီ Sensor တွေကို အသုံးပြုလာနိုင်ပါတယ်။

Apple iPhone 13 Pro iPhone 13 Pro Max Featured

TheElec ရဲ့ သတင်းအရ တောင်ကိုရီးယား အခြေစိုက် Jahwa Electronics ဟာ OIS (Optical Image Stabilization) Actuators အသစ်တွေကို ထုတ်လုပ်မယ့် စက်ရုံ တည်ဆောက်ဖို့ ဒေါ်လာ သန်း ၁၅၀ ကျော် အသုံးပြုဖို့ စီစဉ်နေပါတယ်။ Apple ဟာ ဒီနှစ် အစောပိုင်းက အဲဒီ စက်ရုံကို လာရောက် လည်ပတ်ခဲ့ဖူးပါတယ်။ အဲဒီအတွက် Apple ဟာ အဲဒီ စက်ရုံက ထုတ်မယ့် OIS Actuators တွေကို နောက်နှစ်မှာ ဝယ်ယူမယ်လို့ ထင်ပါတယ်။

Apple iPhone 13 Pro Max

အဲဒီ အချိန်ကာလ အတိုင်းဆိုရင် ၂၀၂၃ ခုနှစ်ထုတ် iPhone Series မှာ Periscope Telephoto Lens တွေ ပါလာနိုင်ပါတယ်။ အဲဒီ စက်ရုံကို တည်ဆောက်ဖို့ အချိန် ၁ နှစ်လောက်ကြာမြင့်ဦးမှာ ဖြစ်တဲ့အတွက် iPhone 15 Series ကျမှ အဲဒီ ကင်မရာ နည်းပညာ ပါလာမယ်လို့ ယူဆရပါတယ်။

အစောပိုင်း သတင်းတွေအရ iPhone 14 Pro မှာ အဲဒီ Sensor ပါလာမယ်လို့ ထင်ခဲ့ကြပါတယ်။ အခု သတင်း အသစ်အရတော့ ဒီလို ဖြစ်လာမှာ မဟုတ်တော့ပါဘူး။ စမတ်ဖုန်းထဲမှာ Folded Telephoto Setup ထည့်ထားတဲ့အတွက် Periscope Telephoto Lens တွေဟာ Zoom စွမ်းရည် အပိုတွေကို ရရှိစေပြီး Optical Zoom နဲ့ Hybrid Zoom တွေ ပိုကောင်းလာစေပါတယ်။

Ref : gizmochina