Apple က ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ iPhone 15 Sereis ကို ကြေညာပါတယ်။ Apple က iPhone 15 Series ရဲ့ လုပ်ဆောင်ချက် အသစ်တွေနဲ့ တိုးတက်လာမှုတွေကို ပြောကြားခဲ့ပေမယ့် RAM ပမာဏကို ထုံးစံအတိုင်း မပြောသွားပါဘူး။

Apple iPhone 15 Pro and iPhone 15 Pro Max have more RAM than last year's models

အခုတော့ MacRumors နဲ့ Software Code Researcher aaronp613 ကြောင့် ဒီနှစ် iPhone 15 Pro မော်ဒယ်တွေရဲ့ RAM ပမာဏကို သိလာရပြီး အရင်နှစ်ထုတ် မော်ဒယ်တွေထက် RAM ပိုပါလာပါတယ်။

Apple unveils iPhone 15 Pro and iPhone 15 Pro Max - Apple

iPhone 15 Pro နဲ့ iPhone 15 Pro Max မှာ 8GB RAM ထည့်သွင်းထားပြီး iPhone 14 Pro နဲ့ iPhone 14 Pro Max ထက် RAM 2GB ပိုမိုများပြားလာပါတယ်။ အဲဒီ သတင်းအချက်အလက်ကို Xcode 15 Release Candidate က ဖိုင်တွေမှာ တွေ့ရပါတယ်။ ဒါပေမယ့် iPhone 15 Series မှာ အသုံးပြုထားတဲ့ RAM အမျိုးအစားကို မသိရသေးပါဘူး။

iPhone 15 နဲ့ iPhone 15 Plus မှာ 6GB RAM ထည့်သွင်းထားပြီး အရင်နှစ်ထုတ် iPhone 14, iPhone 14 Plus နဲ့ တူညီကြပါတယ်။

iPhone 15 မော်ဒယ် ၄ လုံးကို စက်တင်ဘာလ ၁၅ ရက်နေ့မှာ နိုင်ငံတချို့မှာ ကြိုတင်မှာယူခွင့်ပေးမှာ ဖြစ်ပြီး စက်တင်ဘာလ ၂၂ ရက်နေ့မှာ စတင် ရောင်းချပေးမှာပါ။

ref : gsmarena