၂၀၁၆ ခုနှစ်ထုတ် iPhone SE ရဲ့ မျိုးဆက်သစ် iPhone 9 ရဲ့ သတင်းထွက်နေတာ ကြာပါပြီ။ အခုတော့ အဲဒီဖုန်းကို မကြာခင် တရားဝင် မြင်ရတော့မယ်လို့ ထင်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က COVID-19 ကြောင့် အဲဒီဖုန်း မိတ်ဆက်ပွဲကို အချိန်အကန့်အသတ် မရှိနောက်ဆုတ်မယ်လို့ သတင်းထွက်လာပါတယ်။ အခုတော့ Apple က စိတ်ပြောင်းသွားပြီလို့ ထင်ပါတယ်။

ထွက်ပေါ်လာတဲ့ သတင်း အသစ်အရ Apple ဟာ အစည်းအ‌ဝေး ၁ ခု ပြုလုပ်ပြီး iPhone 9 ကို ၁၅ ရက်နေ့မှာ ကြေညာဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ ၂၂ ရက်နေ့မှာ စတင် ရောင်းချပေးမှာ ဖြစ်ပြီး Apple က အွန်လိုင်းကနေ မိတ်ဆက်မလားဆိုတာ မသိရသေးပါဘူး။

iPhone 9 ကို ၃၄၉ ဒေါ်လာနဲ့ ရောင်းမယ်လို့ သတင်းထွက်နေပြီး မြန်မာငွေ ၄ သိန်း ၈ သောင်းလောက်ရှိပါတယ်။ တန်ဖိုးသင့် ဖုန်း ဖြစ်ပြီး ဒီဇိုင်းက iPhone 8 ကို အခြေပြုထားတဲ့အတွက် သိပ်တော့ မမိုက်ပါဘူး။ မျက်နှာပြင်ဘေးဘောင်တွေက ထူပြီး အရှေ့ဘက် မျက်နှာပြင်အောက်မှာ Touch ID Sensor တပ်ဆင်ထားမှာပါ။  Apple သာ iPhone 9 ကို ၁၅ ရက်နေ့မှာ ကြေညာမယ်ဆိုရင် Google ကလည်း iPhone 9 ကို ယှဉ်ပြိုင်မယ့် Pixel 4a ကို မကြာခင် မိတ်ဆက်နိုင်ပါတယ်။

ref : gsmarena