ဈေးသက်သက်သာသာနဲ့ 5G iPhone ကိုင်ချင်သူတွေအတွက် သတင်းကောင်း ၁ ခု တက်လာပါတယ်။ အဲဒါကတော့ နောက်နှစ်ထွက်မယ့် iPhone SE 3 (iPhone SE 2022) ဟာ ဈေးအပေါဆုံး 5G iPhone ဖြစ်လာမယ် ဆိုတာပါ။ အဲဒီ ဖုန်းရဲ့ Concept Renders တွေလည်း အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်လာပါတယ်။ Apple အရေး လေ့လာဆန်းစစ်သူ Ming-Chi Kuo က နောက်နှစ်ထွက်မယ့် iPhone SE 3 ဟာ ဈေးအပေါဆုံး 5G iPhone ဖြစ်လာမယ်လို့ ပြောပါတယ်။ လက်ရှိ ရောင်းထားတဲ့ iPhone 12 mini ထက်တောင် ဈေးချိုမယ်လို့ သိရပါတယ်။

Concept Renders တွေကို လေ့လာကြည့်ရင် iPhone SE 3 ရဲ့ ဒီဇိုင်းဟာ iPhone XR နဲ့ ထပ်တူ နီးပါး တူညီနေပါတယ်။ ဒါပေမယ့် ကင်မရာကို အနည်းငယ် ဆန်းသစ်ထားပြီး အနောက်ဘက်မှာ ကင်မရာ ၁ လုံးနဲ့ LED Flash ၁ လုံး ပူးတွဲထားပါတယ်။ အရောင်များစွာ ထုတ်လုပ်ထားနိုင်ပြီး Concept Renders တွေမှာ Red, Orange, Green, Yellow, Blue နဲ့ Purple အရောင်တွေ မြင်ရပါတယ်။

စိတ်ဝင်စားစရာကောင်းတာက တချို့ ပုံတွေမှာ Dual-tone အရောင် ဒီဇိုင်းတွေကို မြင်ရပါတယ်။ အလယ်မှာ Apple Branding ကို ရေးထွင်းထားပြီး အနောက်ဘက်ရဲ့ ထက်ဝက်ဟာ Darker Shade နဲ့ နောက်ထက်ဝက်ဟာ Lighter Shade ဖြစ်ပါတယ်။

ဖုန်းမှာ Notch တပ်ဆင်ထားတာမြင်ရပြီး Notch အရွယ်အစားဟာ iPhone XR , iPhone 11 နဲ့ တူညီနိုင်ပါတယ်။ ခလုတ်တွေ နေရာချထားတာကလည်း တူညီနေပါတယ်။ iPhone SE 3 ဟာ ဒီဇိုင်း အပိုင်းမှာ သိပ်အပြောင်းအလဲ ရှိမှာ မဟုတ်ပါဘူး။ လက်ရှိ iPhone 12 Series တွေမှာ ပါတဲ့ Apple A14 Bionic Chipset မောင်းနှင်ထားနိုင်ပါတယ်။

Ref : gizmochina