Asus က Foldable မျက်နှာပြင်ပါတဲ့ လက်ပ်တော့ ဖြစ်တဲ့ Zenbook Fold ကို အစောဆုံး ရောင်းချထားတာ ဖြစ်ပါတယ်။ အခုတော့ အဲဒီ လက်ပ်တော့ကို ယှဉ်ပြိုင်မယ့် လက်ပ်တော့တွေ အနာဂတ်မှာ ထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။
ကိုရီးယားက ထွက်လာတဲ့ သတင်းအရ Apple ဟာ Foldable မျက်နှာပြင် ပါတဲ့ လက်ပ်တော့ကို ဖန်တီးနေပါတယ်။ ကုမ္ပဏီဟာ Foldable မျက်နှာပြင်ပါတဲ့ MacBook ကို ထုတ်လုပ်ဖို့ Suppliers တွေနဲ့ ဆွေးနွေးနေပါတယ်။
Apple ရဲ့ Foldable မျက်နှာပြင်ပါတဲ့ MacBook ကို ၂၀၂၅ ခုနှစ်မှာ ကြေညာမှာ ဖြစ်ပြီး ၂၀၂၆ ခုနှစ်မှာ ရောင်းချမှာ ဖြစ်ပါတယ်။
Samsung Display နဲ့ LG Display တို့လို ကိုရီးယား မျက်နှာပြင် ထုတ်လုပ်သူတွေဟာ မကြာခင်က လက်ပ်တော့တွေအတွက် OLED မျက်နှာပြင် နည်းပညာမှာ အများအပြား ရင်းနှီးမြှုပ်နှံထားပါတယ်။
ကုမ္ပဏီ ၂ ခုဟာ လက်ပ်တော့တွေအတွက် Foldable OLED မျက်နှာပြင်တွေ ထုတ်လုပ်ဖို့ ပူးပေါင်း ဆောင်ရွက်နေကြပါတယ်။
လက်ပ်တော့တွေအတွက် အရွယ်ကြီး မျက်နှာပြင်တွေဟာ မျက်နှာပြင်ထုတ်လုပ်သူတွေအတွက် အကျိုးအမြတ်ပိုရစေမှာ ဖြစ်ပါတယ်။ လက်ပ်တော့တွေအတွက် Foldable မျက်နှာပြင်တွေဟာ စမတ်ဖုန်းတွေရဲ့ Foldable မျက်နှာပြင်တွေထက် ပိုမို ဝင်ငွေကောင်းစေမှာ ဖြစ်ပါတယ်။
Ref : gsmarena