နှစ်စဉ်နှစ်တိုင်း Fortune က ကမ္ဘာမှာ အထင်ကြီး အလေးစားခံရဆုံး ကုမ္ပဏီ စာရင်းကို ထုတ်ပြန်ကြေညာလေ့ရှိပြီး Apple ဟာ ၁၇ နှစ်ဆက်တိုက် နံပါတ် ၁ နေရာကို ရသွားပါတယ်။ အဲဒီစာရင်းမှာ ကုမ္ပဏီပေါင်း ၁,၅၀၀ ပါဝင်ပြီး ၁,၀၀၀ က အမေရိကန် အခြေစိုက် ကုမ္ပဏီတွေ ဖြစ်ပြီး ၅၀၀ က အမေရိကန် ပြင်ပက ဖြစ်ပါတယ်။ အဲဒီကုမ္ပဏီ အားလုံးဟာ ဝင်ငွေ အနည်းဆုံး ဒေါ်လာ ၁၀ ဘီလီယမ်ရှိကြပါတယ်။

Apple is named the world's most ADMIRED company in the world by Fortune  continuing its 17-year run in the top spot | Daily Mail Online

ကုမ္ပဏီ ၁,၅၀၀ ထဲမှာ Fortune က ထိပ်ဆုံး ကုမ္ပဏီတွေကိုပဲ စာရင်းပြုစုခဲ့ပြီး ကုမ္ပဏီ ၆၈၀ ကိုပဲ ရွေးချယ်ခဲ့ပါတယ်။ အရာရှိ၊ ဒါရိုက်တာနဲ့ လေ့လာဆန်းစစ်သူ ၃,၇၀၀ ကို ရင်းနှီးမြှပ်နှံမှု တန်ဖိုး၊ စီမံခန့်ခွဲမှူ အရည်အသွေး၊ လူမှုအဖွဲ့အစည်း တာဝန်ယူမှု စတဲ့ ကဏ္ဍများစွာမှာ ကုမ္ပဏီ တစ်ခုချင်းစီအတွက် အဆင့်သတ်မှတ်ချက်‌တွေ ပေးစေခဲ့ပါတယ်။

Apple is named the world's most ADMIRED company in the world by Fortune  continuing its 17-year run in the top spot

Apple ဟာ စာရင်းမှာ နံပါတ် ၁ နေရာကို ရခဲ့ပြီး လူမှုအဖွဲ့အစည်း တာဝန်ယူမှု၊ ဘဏ္ဍာရေး ခိုင်မာမှု၊ တီထွင်ဆန်းသစ်မှုနဲ့ ကမ္ဘာမှာ ပြိုင်ဆိုင်နိုင်မှု အပိုင်းတွေမှာ အမှတ်အများဆုံးရခဲ့ပါတယ်။ Apple ရဲ့ အနောက်မှာ Microsoft နဲ့ Amazon တို့ ရပ်တည်နေပါတယ်။ Microsoft ဟာ ဒီနှစ်မှာ နံပါတ် ၂ နေရာကို ရခဲ့ပြီး ကွန်ပြူတာ ဆော့ဖ်ဝဲ နယ်ပယ်မှာ အမှတ်ကောင်းခဲ့ပါတယ်။ Amazon က အဆင့် ၁ ခု ကျဆင်းသွားပေမယ့် အင်တာနက် ဝန်ဆောင်မှုနဲ့ စတိုး ကဏ္ဍမှာ အမှတ်ကောင်းခဲ့ပါတယ်။

Apple ဟာ နံပါတ် ၁ နေရာကို ရသွားပေမယ့် ၈.၁၉ အမှတ်ပဲရခဲ့ကာ အရင်နှစ်ရဲ့ ၈.၆၅ အမှတ်ထက် နည်းခဲ့ပါတယ်။

Ref : gsmarena