Apple ဟာ iPhone 12 နဲ့ iPhone 12 Pro ပိုင်ရှင်တွေအတွက် ဝန်ဆောင်မှုပေးတဲ့ အစီအစဉ် ၁ ခုကို ပြုလုပ်ပေးလိုက်ပါတယ်။  ၆.၁ လက်မ အရွယ် iPhone 12 Device အနည်းငယ်မှာ ဖုန်းပြောနေချိန် Earpiece ကနေ အသံမထွက်လာတဲ့ ပြဿနာ ဖြစ်နေပါတယ်။ အဲဒီ ပြဿနာ ဖြစ်နေတဲ့ အစိတ်အပိုင်းကို ဖုန်းပိုင်ရှင်တွေအတွက် Apple က အခမဲ့ လဲလှယ်ပေးမှာပါ။ ဒီအစီအစဉ်ဟာ iPhone 12 mini နဲ့ iPhone 12 Pro Max တို့အတွက် အကျုံးမဝင်ပါဘူး။

iPhone 12 review: One of our highest-rated phones of all time - CNET

Apple က “ iPhone 12 နဲ့ 12 Pro ရာခိုင်နှုန်း အနည်းငယ်က Receiver Module အစိတ်အပိုင်း ၁ ခုကြောင့် အသံမထွက်တဲ့ ပြဿနာ ဖြစ်နေတာပါ။ အဲဒီ မော်ဒယ်တွေကို ၂၀၂၀ အောက်တိုဘာလနဲ့ ၂၀၂၁ ဧပြီလအတွင်း ထုတ်ခဲ့တာပါ။ သင့် ဖုန်းမှာ အဲဒီ ပြဿနာ ဖြစ်နေရင် အခမဲ့ လဲလှယ်ပေးမှာပါ။ “ လို့ ကြေညာပါတယ်။

iPhone 12 might be good enough. How to know if you really need the Pro or Pro Max model - CNET

Apple နဲ့ Apple Authorized Service Providers တွေက အခမဲ့ ဝန်ဆောင်မှု ပေးမှာ ဖြစ်ပြီး Speaker အသံမထွက်တဲ့ ဖုန်း ပိုင်ရှင်တွေဟာ Apple Retail Store , Apple Authorized Service Providers တို့မှာ Appointment ရယူနိုင်သလို Apple Support for Mail-in Service ကို ဆက်သွယ်နိုင်ပါတယ်။

Apple က Appointment မတိုင်ခင် ဒေတာတွေကို iCloud သို့မဟုတ် ကွန်ပြူတာမှာ Back Up လုပ်ဖို့ အကြံပေးထားပါတယ်။ Display ထိခိုက်ထားရင် အရင်ပြင်ထားဖို့ လိုအပ်တယ်လို့ Apple က ပြောပါတယ်။

Ref : gsmarena