Apple ဟာ M2 Pro နဲ့ M2 Max Chipset ပါတဲ့ Device အသစ်တွေကို မကြာခင်က ကြေညာခဲ့ပြီး အခုတော့ တတိယမျိုးဆက် Apple Silicon Chip ပါတဲ့ Device တွေကို မိတ်ဆက်ဖို့ ပြင်ဆင်နေပါတယ်။

Apple MacBook Air 2022

Bloomberg က Mark Gurman ရဲ့ သတင်းအရ Apple ဟာ M3 Chipset ပါတဲ့ MacBook Air နဲ့ iMac အသစ်တွေကို ဖန်တီးနေတယ်လို့ သိရပါတယ်။ M3 Chipset ကို 3nm Process နဲ့ တည်ဆောက်ထားတာ ဖြစ်ပြီး ဒီနှစ်နှောင်းပိုင်း သို့မဟုတ် နောက်နှစ် အစောပိုင်းမှာ ကြေညာနိုင်ပါတယ်။ အဲဒီအချိန်ဟာ Apple MacBook Air နဲ့ iMac တို့ကို မိတ်ဆက်တဲ့ အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။

Apple MacBook Air (2018) Review | PCMag

Apple M3 ပါတဲ့ MacBook Air အတွက် ၁၃ လက်မနဲ့ ၁၅ လက်မ မော်ဒယ်တွေ ထုတ်လုပ်ထားမှာ ဖြစ်ပြီး iMac အသစ်နဲ့အတူ ဒီနှစ် အစောပိုင်းမှာ ကြေညာနိုင်တယ်လို့ လွန်ခဲ့တဲ့ လအနည်းငယ်က သတင်းထွက်ခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ အဲဒီသတင်းဟာ မဖြစ်လာနိုင်တော့ပါဘူး။

Apple အတွက် Chip တွေ ထုတ်လုပ်ပေးနေတဲ့ TSMC ဟာ 5nm Chip ထက် ၁၅ ရာခိုင်နှုန်း ပိုမြန်ပြီး ၃၀ ရာခိုင်နှုန်း စွမ်းအင် စားသုံးမှု သက်သာတဲ့ 3nm Processor ကို ဖန်တီးနိုင်ပြီလို့ သတင်းထွက်နေပါတယ်။ ကုမ္ပဏီဟာ 3nm Chip တွေကို အမြောက်အများ စတင် ထုတ်လုပ်နေပြီ ဖြစ်ပြီး အမေရိကန်မှာ ၂၀၂၆ ခုနှစ်ကနေ စတင် ထုတ်လုပ်နိုင်ပါတယ်။

M3 Chip ပါတဲ့ MacBook Air နဲ့ iMac တို့အပြင် ကုမ္ပဏီဟာ M3 Pro နဲ့ M3 Max တို့ပါတဲ့ MacBook Pro မော်ဒယ်တွေကို ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်မှာ ကြေညာနိုင်ပါတယ်။

Ref : gizmochina