Apple က M2 လို့ အမည်ပေးထားတဲ့ Mac အတွက် ဒုတိယမျိုးဆက် Silicon Chip ကို မကြာခင်က ကြေညာခဲ့ပြီး အဲဒီ Chip ပါတဲ့ Device တွေကို ရောင်းချထားပါတယ်။ အခုတော့ ကုမ္ပဏီက M2 Chip ရဲ့ အဆင့်မြှင့်ထားတဲ့ ဗားရှင်းကို ကြေညာဖို့ ပြင်ဆင်နေပါတယ်။

Apple 13-inch MacBook Pro 2022

Bloomberg ရဲ့ Mark Gurman က Apple ဟာ M2 Pro , M2 Max Chip ပါတဲ့ MacBook Pro အသစ်တွေကို စမ်းသပ်နေတယ်လို့ ပြောပါတယ်။

မျက်နှာပြင် အရွယ်အစား ၂ မျိုးပါတဲ့ MacBook Pro မော်ဒယ်တွေကို Apple က ဖန်တီးနေပြီး ၁ လုံးက ၁၄ လက်မနဲ့ နောက် ၁ လုံးက ၁၆  လက်မ ဖြစ်ပါတယ်။ နောက်နှစ်မှာ အဲဒီ လက်ပ်တော့တွေကို ရောင်းချမယ်လို့ သတင်းထွက်လာပါတယ်။

MacBook Pro: Screen Size, Features, Pricing, Specs, etc - 9to5Mac

Apple ဟာ ဒီနှစ်နှောင်းပိုင်းမှာ ၁၄ လက်မနဲ့ ၁၆ လက်မ MacBook Pro အသစ်တွေကို ကြေညာဖို့ အစောပိုင်းက စီစဉ်ထားပေမယ့် ကုန်ကြမ်း ရှားပါးမှုကြောင့် အမြောက်အများထုတ်လုပ်တာကို နောက်ဆုတ်လိုက်ရပါတယ်။

M2 Pro နဲ့ M2 Max Chip တွေကို 3nm Process နဲ့ တည်ဆောက်ထားတာလို့ သတင်းထွက်နေပေမယ့် မကြာခင်က သတင်းတွေအရ 5nm Process ကိုပဲ Apple က သုံးထားမယ်လို့ သိရပါတယ်။ ဒါပေမယ့် ကုမ္ပဏီဟာ M1 Pro , M1 Max Chip တွေရဲ့ N5 Process အစား TSMC ရဲ့ N5P Process ကို ပြောင်းလဲသုံးထားနိုင်ပါတယ်။

လက်ရှိမှာ နောက်ထွက်မယ့် MacBook Pro မော်ဒယ်တွေရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်ပဲသိရပါသေးတယ်။

Ref : gizmochina