Apple ဟာ MacBook Pro လက်ပ်တော့ အသစ်ကို ကြေညာဖို့ ရှိနေတယ်လို့ သတင်းထွက်နေပါတယ်။ အခုတော့ DigiTimes က အဲဒီ လက်ပ်တော့ကို ဒီနှစ် စက်တင်ဘာလမှာ ချပြမယ်လို့ သတင်းပေးလာပါတယ်။ မော်ဒယ် အသစ်တွေမှာ ဒီဇိုင်း လုံးဝ ပြောင်းလဲထားမှာ ဖြစ်ပြီး ၁၄ လက်မနဲ့ ၁၆ လက်မ Mini-LED မျက်နှာပြင်တွေ ထည့်သွင်းထားမှာပါ။
တရုတ်က ထွက်လာတဲ့ သတင်းအရ ၁၄ လက်မနဲ့ ၁၆ လက်မ MacBook Pro အသစ်တွေကို စက်တင်ဘာလမှာ ကြေညာမှာ ဖြစ်ပြီး နောက်တစ်လမှာ ရောင်းချပေးမယ်လို့ ဆိုပါတယ်။
MacBook Pro အသစ်တွေမှာ ထောင့်စွန်းတွေ ပြားချပ်တဲ့ ဒီဇိုင်းကို အသုံးပြုထားမယ်လို့ ထင်ရပါတယ်။ MagSafe Charging Port ပါလာမှာ ဖြစ်ပြီး HDMI နဲ့ SD-card Slot Reader အပါအဝင် Ports အနည်းငယ် တပ်ဆင်ထားနိုင်ပါတယ်။ နောက်မျိုးဆက် Apple Silicon Chipset မောင်းနှင်ထားမယ်လို့ ထင်ရပြီး M1X သို့မဟုတ် M2 တို့ ဖြစ်နိုင်ပါတယ်။
အဲဒီ Chipset မှာ Eight High-performance Core နဲ့ Two Energy-efficient Core တွေပါတဲ့ 10-core Apple Silicon Chip ကို သုံးထားနိုင်ပါတယ်။ 16 or 32 Core GPU ထည့်သွင်းထားပြီး 64GB RAM အထိ ထောက်ပံ့ထားနိုင်ပါတယ်။ အရင်သတင်းတွေအရ Ruiyi Optoelectronics က Mini-LED မျက်နှာပြင်တွေကို အဓိက ထုတ်လုပ်ပေးမှာ ဖြစ်ပြီး Quanta Computer က MacBook Pro တွေကို တပ်ဆင်ပေးမယ်လို့ သိရပါတယ်။
Ref : gizmochina