ကမ္ဘာ့ စမတ်ဖုန်း ဈေးကွက်ဟာ ပြိုင်ဆိုင်မှု ပြင်းထန်နေပြီး လက်ရှိမှာ Samsung က ဦးဆောင်နေပါတယ်။ ဒါပေမယ့် စစ်တမ်း အသစ် ၁ ခုက iPhone 14 Series ရောင်းအားကောင်းတာကြောင့် Apple ဟာ Samsung ကို ၂၀၂၂ ခုနှစ် ကွာတား ၄ ဖြစ်တဲ့ အောက်တိုဘာလ ကနေ ဒီဇင်ဘာလအတွင်း ကျော်တက်ကာ ကမ္ဘာ့ စမတ်ဖုန်း ဈေးကွက်ကို ဦးဆောင်လာမယ်လို့ ပြောပါတယ်။

ဈေးကွက်သုတေသန အဖွဲ့အစည်း TrendForce က အခု စစ်တမ်းကို ပြုစုထားတာ ဖြစ်ပါတယ်။ Apple ဟာ ကွာတား ၄ မှာ ရောင်းအား ကောင်းပြီး ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်း ဈေးကွက်ဝေစု ၁၇.၆ ရာခိုင်နှုန်း ရထားရာကနေ ကွာတား ၄ မှာ ၂၄.၆ ရာခိုင်နှုန်းအထိ တိုးတက်လာမယ်လို့ ခန့်မှန်းထားပါတယ်။ Samsung ကတော့ ကွာတား ၃ ထက် ၃.၉ ရာခိုင်နှုန်းပဲ တိုးတက်လာနိုင်ပါတယ်။

Search Query Analysis of Apple vs Samsung

တရုတ် ကုမ္ပဏီ Xiaomi , OPPO နဲ့ vivo တို့က ကွာတား ၃ မှာ နံပါတ် ၃ ၊ ၄ နဲ့ ၅ နေရာတွေကို အသီးသီးရထားပြီး ကွာတား ၄ မှာ ဈေးကွက်ဝေစု ပိုနည်းသွားနိုင်ပါတယ်။ TrendForce က တရုတ်မှာ စမတ်ဖုန်း ဝယ်လိုအားနည်းသွားတဲ့အတွက် တရုတ် စမတ်ဖုန်း ကုမ္ပဏီတွေရဲ့ ရောင်းအားဟာ အနာဂတ်မှာ ကျဆင်းသွားမယ်လို့ ခန့်မှန်းထားပါတယ်။

ကမ္ဘာ့ စမတ်ဖုန်း ဈေးကွက်ဟာ နိုင်ငံများစွာမှာ စီးပွားရေးကျဆင်းမှုနဲ့ ငွေကြေးဖောင်းပွမှုတွေကြောင့် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမယ့် Apple ဟာ ကွာတား ၄ မှာ ရောင်းအားတိုးတက်လာပြီး Samsung ကို ကျော်တက်ကာ ကမ္ဘာ့ စမတ်ဖုန်း ဈေးကွက်ကို ဦးဆောင်လာနိုင်ပါတယ်။

Ref : gizmochina