ဒေါ်လာ ၆.၆ သန်းတန်တဲ့ Apple ထုတ်ကုန်တွေဟာ ဗြိတိန်နိုင်ငံ လန်ဒန်ရဲ့ မြောက်ဘက် ၇၅ မိုင်အကွာက အဝေးပြေးလမ်းမှာ ရုပ်ရှင်ကား ဆန်ဆန် ဓါးပြတိုက်ခံလိုက်ရပါတယ်။ မြန်မာငွေနဲ့တွက်ရင် သိန်း ၈၅,၀၀၀ လောက်ရှိတဲ့အတွက် တန်ဖိုးက မသေးပါဘူး။

ဖြစ်စဉ်က ဒီလိုပါ။ ဒီလ ၁၀ ရက်နေ့မှာ ဓါးပြတွေဟာ ဗြိတိန်ရဲ့  နာမည်ကျော် M1 အဝေးပြေးလမ်းမှာ Apple ထုတ်ကုန်တွေ တင်လာတဲ့ ကုန်တင်ကားက ယာဉ်မောင်းနဲ့ လုံခြုံရေး ဝန်ထမ်းကို ကြိုးနဲ့တုပ်ကာ အနီးအနားက Crick အမည်ရ ရွာလေးကို မောင်းပြေးခဲ့ကြပါတယ်။ အဲဒီမှာ အသင့်စောင့်နေတဲ့ ကုန်တင်ကား ၁ စီးထဲကို ပစ္စည်းတွေ ရွှေ့ပြောင်းပြီးနောက် ယာဉ်မောင်းနဲ့ လုံခြုံရေး ဝန်ထမ်းကို ထားခဲ့ကာ ထွက်ပြေးသွားကြပါတယ်။

Don't buy these Apple products - Macworld UK

သူတို့ရဲ့ ကားကို နောက်ပိုင်းမှာ Leicestershire မြောက်ဘက် နယ်စပ်နားမှာ ရှာဖွေတွေ့ရှိခဲ့ပြီး ရဲတွေက ဓါးပြတွေဟာ ပစ္စည်းတွေကို နောက်ထပ် ကား ၁ စီးနဲ့တင်ကာ ထွက်ပြေးသွားတယ်လို့ ယူဆထားကြပါတယ်။ Apple ထုတ်ကုန်တွေထဲမှာ AirPods , Apple Watches နဲ့ iPhone 11 တို့ ပါဝင်ကြပါတယ်။

ရဲတွေဟာ မျက်မြင်သက်သေတွေကို လိုက်ရှာနေသလို အဲဒီ Apple ထုတ်ကုန်တွေကို ရောင်းနေသလားဆိုတာ စုံစမ်းစစ်ဆေးနေကြပါတယ်။

Ref : marketwatch