[Unicode]

တက္ကဆက်၊ အော်စတင် မှာရှိတဲ့ Apple ရဲ့ စက်ရုံက အလုပ်သမားဟာ တစ်နာရီဘယ်လောက်ရမှလုပ်မယ် ဆိုပြီးတော့ စောဒကမတက်သလို၊ ခွင့်လည်းမယူပါဘူး။ နေ့လည်စာတောင် မစားဘဲ အလုပ်လုပ်ပါတယ်။ ဟုတ်ပါတယ်။ အလုပ်သမားက လူမဟုတ်ပါဘူး။ “Daisy” စက်ရုပ်ပါ။

“Daisy” ဟာ Apple ရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ “closed-loop” ထုတ်လုပ်ရေးအတွက် အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ “Daisy” ဟာ အနုတ်၁၇၆ ဒီဂရီ အေးခဲနေတဲ့လေအေးကိုအသုံးပြုပြီး iPhone တွေက ဘက်ထရီတွေကို ဖယ်ထုတ်ပေးနိုင်ပါတယ်။ iPhone ကို တုန်ခါမှုပေးတဲ့ Haptic module နဲ့ စကူနှစ်ခုကိုလည်း ဖယ်ရှားပေးပါသေးတယ်။

“Daisy” ရဲ့ အလုပ်လုပ်နှုန်းက တစ်နာရီမှာ iPhone ယူနစ် နှစ်ရာလောက်ကို ပြီးစီးအောင် ဖြုတ်ပေးနိုင်ပါတယ်။ “Daicy” က ဖြုတ်ပေးလိုက်တဲ့ အစိတ်အပိုင်းတွေကို Apple က စွန့်ပစ်ပစ္စည်းတွေကတစ်ဆင့် သတ္တုတွေပြန်ထုတ်ယူတဲ့ Recycling ကုမ္ပဏီတွေဆီ ပို့ဆောင်တာ ဖြစ်ပါတယ်။

Apple ရဲ့ ရည်ရွယ်ချက်က iPhone အသစ်တွေထုတ်လုပ်ဖို့ သတ္တုတွေကို အသစ်ဝယ်ယူမယ့်အစား အဟောင်းတွေကနေ Recycle ပြန်လုပ်ထားတဲ့ သတ္တုတွေကိုပဲ အသုံးပြုဖို့ ဖြစ်ပါတယ်။ အကယ်၍သာ ဒီအစီအစဉ်က အပြည့်အဝအကောင်အထည်ပေါ်သွားမယ်ဆိုရင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုအတွက် တစ်ဘက်တစ်လမ်းကနေ အထောက်အကူပြုလာနိုင်မှာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် Apple အနေနဲ့ iPhone အဟောင်းတွေကို Recycle လုပ်ဖို့ပိုပြီးလိုလားတာလား၊ ပြန်ပြုပြင်ဖို့ ပိုပြီးလိုလားတာလားဆိုတာကိုတော့ အငြင်းပွားနေကြတုန်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ Apple ဟာ “Daisy” ကို iPhone တွေပြန်ပြုပြင်တဲ့နေရာမှာ အသုံးချဖို့ ကုန်ကျစရိတ်ကြီးလွန်းတယ်လို့ ဆိုခဲ့ဖူးပါတယ်။

အချက်အလက်တွေအရတော့ ၂၀၁၈ မှာ Apple ဟာ အသုံးပြုသူတွေဆီက iPhone အလုံးရေ ၉ သန်းကို ပြန်လက်ခံခဲ့ပြီး ဒီအထဲကမှ ၇.၈ သန်းကို ပြန်လည်ပြုပြင်ခဲ့ (refurbished) ခဲ့ပါတယ်။ ၁.၂ သန်းကိုတော့ “Daisy” လက်ထဲကို ထည့်ခဲ့တာပါ။ “Daisy” ဟာ ဘက်ထရီအပြင်၊ iPhone ရဲ့ မျက်နှာပြင်၊ ဝက်အူနှစ်ခု၊ Logic board နဲ့ ကြိုးမဲ့အားသွင်းကွိုင်တွေကိုပါ ဖြုတ်ယူနိုင်စွမ်းရှိတယ်လို့ သိရပါတယ်။

Ref: Phone Arena

[Zawgyi]

စက္႐ုပ္ “Daisy” ကိုအသုံးျပဳၿပီး iPhone ေတြကို Recycling လုပ္ဖို႔ ႀကိဳးစားေနတဲ့ Apple

တကၠဆက္၊ ေအာ္စတင္ မွာရွိတဲ့ Apple ရဲ႕ စက္႐ုံက အလုပ္သမားဟာ တစ္နာရီဘယ္ေလာက္ရမွလုပ္မယ္ ဆိုၿပီးေတာ့ ေစာဒကမတက္သလို၊ ခြင့္လည္းမယူပါဘူး။ ေန႔လည္စာေတာင္ မစားဘဲ အလုပ္လုပ္ပါတယ္။ ဟုတ္ပါတယ္။ အလုပ္သမားက လူမဟုတ္ပါဘူး။ “Daisy” စက္႐ုပ္ပါ။

“Daisy” ဟာ Apple ရဲ႕ အစီအစဥ္တစ္ခုျဖစ္တဲ့ “closed-loop” ထုတ္လုပ္ေရးအတြက္ အစိတ္အပိုင္းတစ္ခုပဲ ျဖစ္ပါတယ္။ “Daisy” ဟာ အႏုတ္၁၇၆ ဒီဂရီ ေအးခဲေနတဲ့ေလေအးကိုအသုံးျပဳၿပီး iPhone ေတြက ဘက္ထရီေတြကို ဖယ္ထုတ္ေပးႏိုင္ပါတယ္။ iPhone ကို တုန္ခါမႈေပးတဲ့ Haptic module နဲ႔ စကူႏွစ္ခုကိုလည္း ဖယ္ရွားေပးပါေသးတယ္။

“Daisy” ရဲ႕ အလုပ္လုပ္ႏႈန္းက တစ္နာရီမွာ iPhone ယူနစ္ ႏွစ္ရာေလာက္ကို ၿပီးစီးေအာင္ ျဖဳတ္ေပးႏိုင္ပါတယ္။ “Daisy” က ျဖဳတ္ေပးလိုက္တဲ့ အစိတ္အပိုင္းေတြကို Apple က စြန႔္ပစ္ပစၥည္းေတြကတစ္ဆင့္ သတၱဳေတြျပန္ထုတ္ယူတဲ့ Recycling ကုမၸဏီေတြဆီ ပို႔ေဆာင္တာ ျဖစ္ပါတယ္။

Apple ရဲ႕ ရည္႐ြယ္ခ်က္က iPhone အသစ္ေတြထုတ္လုပ္ဖို႔ သတၱဳေတြကို အသစ္ဝယ္ယူမယ့္အစား အေဟာင္းေတြကေန Recycle ျပန္လုပ္ထားတဲ့ သတၱဳေတြကိုပဲ အသုံးျပဳဖို႔ ျဖစ္ပါတယ္။ အကယ္၍သာ ဒီအစီအစဥ္က အျပည့္အဝအေကာင္အထည္ေပၚသြားမယ္ဆိုရင္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းမႈအတြက္ တစ္ဘက္တစ္လမ္းကေန အေထာက္အကူျပဳလာႏိုင္မွာလည္း ျဖစ္ပါတယ္။

ဒါေပမယ့္ Apple အေနနဲ႔ iPhone အေဟာင္းေတြကို Recycle လုပ္ဖို႔ပိုၿပီးလိုလားတာလား၊ ျပန္ျပဳျပင္ဖို႔ ပိုၿပီးလိုလားတာလားဆိုတာကိုေတာ့ အျငင္းပြားေနၾကတုန္း ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ကေတာ့ Apple ဟာ “Daisy” ကို iPhone ေတြျပန္ျပဳျပင္တဲ့ေနရာမွာ အသုံးခ်ဖို႔ ကုန္က်စရိတ္ႀကီးလြန္းတယ္လို႔ ဆိုခဲ့ဖူးပါတယ္။

အခ်က္အလက္ေတြအရေတာ့ ၂၀၁၈ မွာ Apple ဟာ အသုံးျပဳသူေတြဆီက iPhone အလုံးေရ ၉ သန္းကို ျပန္လက္ခံခဲ့ၿပီး ဒီအထဲကမွ ၇.၈ သန္းကို ျပန္လည္ျပဳျပင္ခဲ့ (refurbished) ခဲ့ပါတယ္။ ၁.၂ သန္းကိုေတာ့ “Daisy” လက္ထဲကို ထည့္ခဲ့တာပါ။ “Daisy” ဟာ ဘက္ထရီအျပင္၊ iPhone ရဲ႕ မ်က္ႏွာျပင္၊ ဝက္အူႏွစ္ခု၊ Logic board နဲ႔ ႀကိဳးမဲ့အားသြင္းကြိဳင္ေတြကိုပါ ျဖဳတ္ယူႏိုင္စြမ္းရွိတယ္လို႔ သိရပါတယ္။

Ref: Phone Arena