Apple ဟာ လက်ရှိ COVID-19 အလွန် ကမ္ဘာကြီးအတွက် လိုက်ဖက်တဲ့ Feature တွေပါဝင်တဲ့ iOS 13.5 နဲ့ iPadOS 13.5 တို့ကို ထုတ်လွှင့်ပေးလိုက်ပါပြီ။ အဲဒီထဲက အရေးပါဆုံးတစ်ခုကတော့ အပြင်မဖြစ်မနေသွားရသူတွေအတွက် မျက်နှာဖုံးတပ်ထားချိန်မှာ Face ID နဲ့ဟန်းဆက်တွေကို Unlock ပြုလုပ်ဖို့ ပိုမိုလွယ်ကူစေတဲ့ Feature တစ်ခုပါပဲ။

စနစ်အသစ်က သုံးစွဲသူရဲ့မျက်နှာမှာ မျက်နှာဖုံးတပ်ထားတာကို Detect လုပ်မိရင် Passcode ကို တန်းပြပေးတာပါ။ ဒါ့ကြောင့် Passcode ကိုရိုက်ထည့်ပြီး Unlock တန်းလုပ်ရုံပါပဲ။ ဒီ Feature ကို ကိုယ့်ဟန်းဆက်ကို Unlock လုပ်ရုံသာမက Mobile Payment လို နေရာမျိုးတွေမှာလည်း အစားထိုးအသုံးပြုနိုင်စေမှာဖြစ်ပါတယ်။

နောက်ထပ် COVID-19 ဆိုင်ရာ Feature တစ်ခုက လူထုကျန်းမာရေးအတွက် COVID ထိတွေ့မှု Tracing App တွေအတွက် Exposure Noti API ဖြစ်ပါတယ်။ ဒီ Feature ကို Google နဲ့အတူတူ ဖန်တီးခဲ့ပြီး တပြိုင်တည်း ထုတ်လုပ်ပေးခဲ့တာပါ။ ဒါက App မဟုတ်ပေမယ့် အခြားသူတွေ အလားတူ App တည်ဆောက်တဲ့အခါ ယူသုံးနိုင်မယ့် API သာဖြစ်ပါတယ်။ ဒီဟာကို အသုံးပြုမယ်ဆိုရင် Apple နဲ့ Google တို့က တရားဝင်ထောက်ပံ့ပေးထားတဲ့ လုံခြုံရေးနဲ့ Privacy Feature တွေကိုပါ ရရှိစေမှာပါ။

ဒါ့အပြင် Group FaceTime ခေါ်ဆိုရာမှာ စကားပြောနေတဲ့သူရဲ့ Video အကွက်ကို အလိုအလျှောက် ချဲ့ပေးတဲ့ စနစ်ကိုလည်း ပြောင်းလဲပေးထားပါတယ်။ အဆိုပါလုပ်ဆောင်ချက်ကို Disable လုပ်ထားနိုင်စွမ်း ပါဝင်လာတဲ့အတွက် စကားပြောနေလည်း သူတို့ရဲ့ Video ပုံလေးက ကြီးမလာဘဲ ပုံသေရှိနေတော့မှာပါ။

Update အသစ်မှာ ထုံးစံအတိုင်း Bug Fixes တွေလည်း ပါဝင်ပြီး အခုချိန်မှာ အသုံးပြုနိုင်တဲ့ iPhone, iPad နဲ့ iPod Touch မော်ဒယ်တွေမှာ ရရှိနိုင်နေပါပြီ။

Ref – GSMArena