Apple ဟာ တတိယမျိုးဆက် AirPods ကို ဒီနှစ်မကုန်ခင် ဈေးကွက်ထဲဖြန့်ချိဖို့ကြိုးစားနေတယ်လို့ DigiTimes က ရေးသားဖော်ပြထားပါတယ်။ မူလက Apple ရဲ့ California Streaming event မှာ မိတ်ဆက်လာမယ်လို့ မျှော်လင့်ထားကြပေမဲ့ အခုအချိန်အထိ ထွက်ပေါ်လာခြင်းမရှိသေးတာလည်း ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ၂၀၂၂ မစတင်မီအချိန်အတွင်း AirPods 3 ကို မျက်ဝါးထင်ထင်မြင်တွေ့ရနိုင်တယ်လို့ ထုတ်လုပ်မှုနယ်ပယ်တွင်း သတင်းရင်းမြစ်တွေကို ကိုးကားပြီး DigiTimes က ခန့်မှန်းပြောဆိုပါတယ်။ လွန်ခဲ့တဲ့ရက်သတ္တပတ်အတော်ကြာက AirPods တွေကို အလုံးအရင်းနဲ့ ထုတ်လုပ်နေပြီလို့ DigiTimes ဖော်ပြခဲ့ဖူးပါသေးတယ်။

Apple အနေနဲ့ ဒီလနှောင်းပိုင်းမှာ Macs အသစ်တွေကို ထုတ်ပြဖို့လည်းရှိသေးတာကြောင့် ဒီ AirPods အသစ်ကိုလည်း တစ်ပါတည်း မိတ်ဆက်သွားနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်လည်း ရှိပါသေးတယ်။ ဒါမှမဟုတ်ရင်တော့ Apple အနေနဲ့ ၂၀၂၀ တုန်းက ဒုတိယမျိုးဆက် AirPods တွေတုန်းကလိုမျိုး အခု AirPods သစ်တွေအတွက်လည်း သတင်းထုတ်ပြန်ချက်လောက်ပဲလုပ်တာမျိုး ဖြစ်နိုင်ပါတယ်။

တတိယမျိုးဆက် AirPods တွေမှာ ဒီဇိုင်းပိုင်းအပြောင်းအလဲနဲ့အတူ AirPods Pro တွေလို ဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။ တနည်းအားဖြင့် ပိုတိုတောင်းတဲ့ Stems တွေ၊ Universal tip ဒီဇိုင်း၊ သေးငယ်ပြီး ပိုကျစ်လစ်တဲ့ Wireless charging case စတာတွေကို တွေ့မြင်ရမယ်လို့ ဆိုနိုင်ပါတယ်။ အခြားဖြစ်နိုင်ခြေတွေကတော့ ပိုပြီးတိုးတက်လာတဲ့ အသံအရည်အသွေးဖြစ်ပြီး အနိမ့်ဆုံး $199 လောက်က စတင်ဖွယ်ရှိတာပါ။

Ref: Phone Arena