ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက Apple ရဲ့ iPhone 14 panel နဲ့ RAM ပေးသွင်းတဲ့ Supplier အချို့ဟာ အရည်အသွေးဆိုင်ရာပြဿနာအချို့နဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ဆန်းစစ်လေ့လာသူ Ming Chi Kuo က ဆိုပါတယ်။ အဓိကပြဿနာကတော့ Component shortages ရဲ့ ရိုက်ခတ်မှုပါပဲ။

Cupertino အခြေစိုက် နည်းပညာကုမ္ပဏီကြီးဟာ အစိတ်အပိုင်းပြတ်တောက်မှုတွေကြောင့် iPhone သစ်တွေဖြန့်ချိရာမှာ နှောင့်နှေးမှုမဖြစ်စေဖို့အတွက် Suppliers တွေကို ဖြန့်ထားတာဖြစ်ပြီး ဒါဟာ အလုံးအရင်းလိုက်ထုတ်လုပ်မှုအပေါ်မှာတော့ အကန့်အသတ်နဲ့ သက်ရောက်မှုရှိပါလိမ့်မယ်။ ဒါပေမဲ့လည်း iPhone 14 တွေရဲ့ အနောက်ဘက် Lenses တွေနဲ့ပတ်သက်တဲ့ အရည်အသွေးဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

Supplier Genius ရဲ့ iPhone 14 Rear lenses တွေဟာ Coating-crack quality issues နဲ့ ကြုံတွေ့နေရတာဖြစ်တယ်လို့ Kuo က ဆိုပါတယ်။ Genius အနေနဲ့ ဒီ Coating-crack issue ကို နှစ်လအတွင်း ဖြေရှင်းနိုင်လိမ့်မယ်လို့တော့ Kuo က အခိုင်အမာ ဆိုထားပါတယ်။

Apple ဟာ iPhone 14 တွေ တင်ပို့ရောင်းချချိန် ကြန့်ကြာသွားမှာစိုးတဲ့အတွက် ကျောဘက် Lenses  ပေါင်း ၁၀ သန်း ကို Largan ဆီ ပြောင်းလဲမှာယူခဲ့ပါတယ်။ အကယ်၍ Genius က ပြဿနာကို ဖြေရှင်းရာမှာ ကြာမြင့်နေမယ်ဆိုရင် Largan ဟာ မှန်ဘီလူးတွေအတွက် နောက်ထပ်အမှာစာတွေကို လက်ခံရရှိနိုင်တာလည်း ဖြစ်ပါတယ်။

Apple ဟာ iPhone 14 series ကို စက်တင်ဘာလမှာ မိတ်ဆက်ရောင်းချဖို့မျှော်လင့်ထားတာဖြစ်ပြီး iPhone 14, iPhone 14 Max, iPhone 14 Pro နဲ့ iPhone 14 Pro Max စတဲ့ မော်ဒယ်လေးမျိုး ပါဝင်မှာ ဖြစ်ပါတယ်။ အကယ်၍ အလုံးအရင်းလိုက်ထုတ်လုပ်မှုကို ထိခိုက်စေတဲ့ ထောက်ပံ့ရေးဆိုင်ရာပြဿနာတွေနဲ့ မကြုံတွေ့ရဘူးဆိုရင်တော့ iPhone 14 series ကို စီစဉ်ထားတဲ့အတိုင်း ရောင်းချသွားမယ်လို့ ယုံကြည်ရပါတယ်။

Ref: GSM Arena