9to5Mac က Apple  ဟာ iPhone 15 Series ကို စက်တင်ဘာလ ၁၃ ရက်နေ့ ကြေညာမယ်လို့ ပြောပါတယ်။ ဗုဒ္ဓဟူးနေ့ ကျရောက်ပြီး အရင်နှစ် iPhone 14 Series ကြေညာတဲ့ နေ့ထက် ၆ ရက်နောက်ကျပါတယ်။

အမေရိကန် မိုဘိုင်း Carriers တွေက အထင်ကရ စမတ်ဖုန်း မိတ်ဆက်ပွဲကြောင့် စက်တင်ဘာလ ၁၃ ရက်နေ့မှာ ခွင့်မယူဖို့ ဝန်ထမ်းတွေကို ညွှန်ကြားထားပါတယ်။ အဲဒီအတွက် စက်တင်ဘာလ ၁၃ ရက်နေ့မှာ iPhone 15 Series ကို ကြေညာမယ်လို့ တွက်ဆထားတာ ဖြစ်ပါတယ်။

Image source: <a href=''https://twitter.com/theapplehub/status/1684311977907159058'' target=''_blank'' rel=''noopener noreferrer''>Apple Hub</a>

iPhone 15 Series ရဲ့ သတင်းတွေ မကြာခဏ ထွက်ပေါ်နေပါတယ်။ အရင်က တရုတ်က Foxconn စက်ရုံက ထွက်လာတဲ့သတင်းအရ ဒီနှစ်ထွက်မယ့် iPhone 15 Series မှာ ပိုကြီးတဲ့ Battery တွေ ထည့်သွင်းထားမယ်လို့သိရပါတယ်။

ပေါက်ကြားသတင်းအရ iPhone 15 မှာ 3,877mAh Battery , iPhone 15 Plus မှာ 4,912mAh Battery , iPhone 15 Pro မှာ 3,650mAh Battery နဲ့ iPhone 15 Pro Max မှာ 4,852mAh Battery ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Latest iPhone 15 Leak Reveals Bigger Than Expected Price Increase

နှိုင်းယှဉ်ရရင် iPhone 14 မှာ 3,279mAh Battery , iPhone 14 Plus မှာ 4,323mAh Battery , iPhone 14 Pro မှာ 3,200mAh Battery နဲ့ iPhone 14 Pro Max မှာ 4,323mAh Battery ထည့်သွင်းထားပါတယ်။

ဒီသတင်းသာ မှန်မယ်ဆိုရင် iPhone 15 Series ရဲ့ Battery တွေဟာ ပိုမိုကောင်းမွန်လာမှာ ဖြစ်ပါတယ်။ Android မှာ 5,000mAh Battery ပါတဲ့ စမတ်ဖုန်းများစွာ ထွက်ပေါ်နေပြီး iPhone 15 Series ကတော့ 5,000mAh နီးပါးရတဲ့ ပထမဆုံး iPhone တွေ ဖြစ်လာမှာပါ။

Ref : gsmarena