Apple ရဲ့ ထောက်ပံ့ရေးကွင်းဆက်ကနေ ထွက်ပေါ်လာတဲ့သတင်းကတော့ ကုမ္ပဏီဟာ လာမယ့် iPhone စီးရီးမှာအသုံးပြုမယ့် သူတို့ရဲ့ကိုယ်ပိုင် mmWave 5G modem ကို  လာမယ့် ၂၀၂၁ မှာထုတ်မယ့် iPad Pro မှာ အသုံးပြုဖို့အတွက် အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။

Apple ဟာ လာမယ့်နှစ် ဒုတိယနှစ်ဝက်မှာ OLED iPad Pro တွေထုတ်လုပ်ရောင်းချမယ်လို့ ကောလာဟလထွက်နေခဲ့တာ ကြာပါပြီ။ ဒါ့အပြင် iPad အသစ်တွေဟာ 5G ကွန်ရက်နဲ့လည်း ချိတ်ဆက်အသုံးပြုနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ သတင်းတွေကတော့ Cupertino အခြေစိုက်ကုမ္ပဏီကြီးဟာ သူတို့ရဲ့ ကိုယ်ပိုင် 5G modem ကို အသုံးပြုမယ်လို့ ဖော်ပြနေကြတာပါ။

Apple အနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင် 5G mmWave AiP ကို ပိုပြီးဖွံ့ဖြိုးတိုးတက်အောင် စီစဉ်နေတယ်ဆိုပေမယ့်လည်း iPhone 12 စီးရီး ဖြန့်ချိပြီးတဲ့နောက်ပိုင်း ထောက်ပံ့ရေးကွင်းဆက်ဘက်ကတော့ 5G mmWave Antenna in Package (AiP) modules ဝယ်လိုအားတွေ ပိုပြီးမြင့်တက်လာမယ်လို့ မျှော်လင့်နေကြောင်း AppleInsider က ဖော်ပြထားပါတယ်။ ဒီအခြေအနေမှာ ကုမ္ပဏီဟာ iPhone 13 စီးရီးအတွက် Qualcomm 5G modems ကို ကိုယ်ပိုင် Modem အတွက် အစားထိုးမယ်လို့လည်း ကောလာဟလ ထွက်နေပါသေးတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ၂၀၂၁ iPad Pro မှာ ကိုယ်ပိုင် 5G modem ကို ထည့်သွင်းမယ်ဆိုရင်တော့ ဖွံ့ဖြိုးမှုဖြစ်စဉ်ဟာ အခုအချိန်မှာ အတော်လေးခရီးပေါက်ဖို့လိုအပ်နေတာအမှန်ပါပဲ။ ဒါပေမယ့် ကုမ္ပဏီဟာ ၂၀၂၄ ခုနှစ်အထိ Qualcomm ရဲ့ 5G modem ကိုဆက်ပြီးသုံးစွဲမယ်သိရပါတယ်။ ဒါကြောင့် ထောက်ပံ့ရေးကွင်းဆက်ကတစ်ဆင့်ထွက်ပေါ်လာတဲ့ အခုသတင်းဟာ ခိုင်လုံတဲ့အထောက်အထားမဖြစ်သေးဘဲ ကောလာဟလအဆင့်မှာသာ ထားရှိရဦးမှာ ဖြစ်ပါတယ်။

Ref: Gizmochina