Apple က Vision Pro ကို လွန်ခဲ့တဲ့ ၁  နှစ်နီးပါးက ကြေညာခဲ့ပြီး ၃ လကျော်အကြာမှာ အမေရိကန်မှာ ရောင်းချပေးလိုက်ပါတယ်။ အခုတော့ Apple Vision Pro ကို နိုင်ငံတကာမှာ ဇူလိုင်လမှာ ရောင်းချမယ်လို့ သတင်းထွက်လာပါတယ်။

Introducing Apple Vision Pro: Apple's first spatial computer - Apple

MacRumors ရဲ့ သတင်းအရ Apple ဟာ Vision Pro ကို ဇူလိုင်လ တတိယနဲ့ စတုတ္ထအပတ်အတွင်း ဗြိတိန်၊ ကနေဒါနဲ့ တရုတ်မှာ ရောင်းချမှာ ဖြစ်ပါတယ်။ ဗြိတိန်မှ Apple Store တွေမှာ Customer တွေ Vision Pro ကို စမ်းသပ် အသုံးပြုနိုင်ဖို့အတွက် ပရိဘောဂ အသစ်တွေကို ထားရှိပေးထားတယ်လို့ သတင်းထွက်လာပါတယ်။

The Apple Vision Pro Is Spectacular and Sad - The Atlantic

ဒါ့အပြင် ဗြိတိန်မှ Apple Store များစွာမှာ Apple Vision Pro  နဲ့ ပတ်သက်တဲ့ ကြော်ငြာတွေကိုလည်း ထည့်သွင်းနေကြတယ်လို့ သိရပါတယ်။ Apple ဟာ ဇွန်လ  ၁၀ ရက်နေ့မှာ နှစ်စဉ်ကျင်းပနေကျ Developer Conference ကို ပြုလုပ်မှာ ဖြစ်ပြီး အဲဒီပွဲမှာ Vision Pro ကို နိုင်ငံတကာမှာ ရောင်းချမယ့် သတင်းကို တရားဝင်ပြောကြားနိုင်ပါတယ်။

Apple Vision Pro ဟာ စတင် ကြေညာကတည်းက လူများစွာရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရပါတယ်။ နည်းပညာ မြင့်မားသလို ဈေးနှုန်းကလည်း မသေးပါဘူး။ ဒေါ်လာ ၃,၅၀၀ တောင် တန်ကြေးရှိပါတယ်။

Ref : gsmarena