Apple က World AIDS Day အမီ Watch Series 9 ရဲ့ (Product) Red အရောင်အသစ်ကို ကြေညာလိုက်ပါတယ်။ စမတ်နာရီ အသစ်အတွက် 41mm နဲ့ 45mm အရွယ်အစား ၂ မျိုး ထုတ်လုပ်ထားပြီး (Product) Red Aluminum Case နဲ့ Silicone Sport Band တပ်ဆင်ထားပါတယ်။

Apple Watch Series 9 (Product) Red announced - GSMArena.com news

Users တွေဟာ အနီရောင်နဲ့ လိုက်ဖက်တဲ့ Metropolitan, World Time, Numerals Mono, Gradient, Stripes, နဲ့ Typograph Watch Faces တွေကို အသုံးပြုနိုင်ပါတယ်။

Apple Watch Series 9 (Product) Red announced - GSMArena.com news

Apple က ဒီဇင်ဘာလ ၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၄ ရက်နေ့အတွင်း App Store မှ MONOPOLY GO!, Gardenscapes နဲ့ EA Sports FC Mobile ရဲ့ In-app Purchases တွေကို Global Fund ကို လှူဒါန်းမယ်လို့ ကြေညာလိုက်ပါတယ်။ Apple ဟာ App Store ၊ Physical Store နဲ့ Apple.com မှာ ဒီဇင်ဘာလ ၈ ရက်နေ့အထိ   Apple Pay ကို အသုံးပြုပြီး ဝယ်ယူမှုတိုင်းအတွက် ၁ ဒေါ်လာ လှူဒါန်းမယ်လို့ ပြောပါတယ်။

Apple Watch Series တွေဟာ စမတ်နာရီလောကမှာ လူကြိုက်အများဆုံး ဖြစ်ပြီး စမတ်နာရီ ဈေးကွက်မှာ အလွန်အောင်မြင်ပါတယ်။ နောက်ဆုံး အနေနဲ့ Apple က Watch Series 9 ကို ထုတ်လုပ်ရောင်းချထားပြီး အခုတော့ (Product) Red အရောင်အသစ်ကို မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။

Ref : gsmarena