Apple ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အဝါရောင် iPhone 14 နဲ့ 14 Plus ကို ကြေညာခဲ့ပြီး တောင်ကိုရီးယားမှာ Apple Pay ကို ဝန်ဆောင်မှုပေးလိုက်ပါတယ်။
ဒီရက်ပိုင်းထွက်တဲ့ Apple သတင်းတွေကဒါတင် မဟုတ်သေးပါဘူး။ Apple က Emergency SOS via Satellite ဝန်ဆောင်မှုကို ဒီလထဲမှာ နောက်ထပ် နိုင်ငံ ၆ ခုမှာ တိုးချဲ့ ဝန်ဆောင်မှုပေးတော့မှာ ဖြစ်ပါတယ်။
အဲဒီ နိုင်ငံတွေက Austria, Belgium, Italy, Luxembourg, Netherlands နဲ့ Portugal တို့ ဖြစ်ပြီး အရင်က US, Canada, France, Germany, Ireland နဲ့ UK တို့မှာ ဝန်ဆောင်မှုပေးထားပြီးပါပြီ။ အဲဒီအတွက် Apple ရဲ့ ဂြိုလ်တု ဆက်သွယ်ရေး ဝန်ဆောင်မှု ရရှိတဲ့ နိုင်ငံဟာ စုစုပေါင်း ၁၂ နိုင်ငံ ရှိလာပါပြီ။
Apple က Emergency SOS via Satellite ဝန်ဆောင်မှုဟာ နေအိမ် ပြင်ပမှာပဲ အလုပ်လုပ်ပြီး ကောင်းကင်ဟာ ရှင်းလင်းနေရမယ်လို့ ထပ်မံ သတိပေးလိုက်ပါတယ်။ စွမ်းဆောင်ရည်ဟာ သစ်ပင်၊ ပတ်ဝန်းကျင်က အဆောက်အဦးတို့လို အတားအဆီးတွေနဲ့ သက်ဆိုင်ပြီး အဲဒီ အတားအဆီးတွေ ရှိတဲ့ လမ်းကြောင်းကနေ စာပေးပို့ရင် အချိန်ကြာမြင့်တယ်လို့ သိရပါတယ်။
Ref : gsmarena