Generative AI ဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ လျှင်မြန်စွာ တိုးတက်လာခဲ့ပြီး အခုဆိုရင် စမတ်ဖုန်းနဲ့ လက်ပ်တော့လို နည်းပညာ ပစ္စည်းတွေမှာ ပါလာကြပါပြီ။ Apple ဟာ အဲဒီ နည်းပညာမှာ ပြိုင်ဖက်တွေထက် နောက်ကျနေပေမယ့် AI စီမံကိန်းတွေကို ရေးဆွဲထားပါတယ်။ ဒါပေမယ့် Apple ရဲ့ ကိုယ်ပိုင် AI တော့ မဟုတ်သေးပါဘူး။

Bloomberg က Apple ဟာ iPhone မှာ Gemini AI ထည့်သွင်းဖို့ Google နဲ့ ဆွေးနွေးနေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် Apple ဟာ OpenAI နဲ့လည်း စကားပြောနေပါတယ်။ Apple ရဲ့ ကိုယ်ပိုင် AI Model ဟာ အဆင့်မမှီသေးဘဲ ပြိုင်ဖက်တွေကို မယှဉ်နိုင်သေးပါဘူး။ Apple ဟာ Apple GPT လို့ခေါ်တဲ့ ကိုယ်ပိုင် Chatbot ကို စမ်းသပ်နေပါတယ်။

Apple, Google in talks for Gemini to power iPhone AI features: report | Fox Business

Tim Cook က Apple ဟာ GenAI နယ်ပယ်မှာ အခွင့်အလမ်းများစွာ ရနိုင်တယ်လို့ အရင်က ပြောထားဖူးပါတယ်။ Apple ဟာ ပြိုင်ဖက်တွေထက် နောက်ကျနေပေမယ့် တခြား ကုမ္ပဏီရဲ့ AI Model ကို iPhone မှာ ထည့်သုံးတာက ပိုသဘာဝကျပါတယ်။ Apple ဟာ မကြာခင်က DarwinAI ကို ဝယ်ယူခဲ့ပါသေးတယ်။

Gemini AI အတွက် Google နဲ့ Apple တို့ သဘောတူညီမှုရသွားရင် ကြီးမားတဲ့ ပြောင်းလဲမှု ဖြစ်လာမှာပါ။ Apple Device တွေမှာ အဲဒီ AI Model ဟာ ဘယ်လို Branding နဲ့ ထွက်လာမလဲ ဆိုတာ မသိရသေးပါဘူး။ iPhone သုံးစွဲသူဟာ ၂ ဘီလီယမ်ကျော်ရှိတဲ့အတွက် Gemini AI ဟာ လူသုံးများလာမှာပါ။

Ref : gizmochina