Apple ရဲ့ iPhone 15 အသစ်တွေဟာ အရင်မျိုးဆက်ထက် တရုတ်မှာ ရောင်းအား ကျဆင်းနေတယ်လို့ ဈေးကွက် သုတေသနစစ်တမ်းက ဖော်ပြထားပါတယ်။ တရုတ်မှာ ပြိုင်ဖက် Huawei ရှိနေတာကြောင့်လည်း iPhone 15 ရောင်းအား နည်းနေတာပါ။

Apple iPhone 15 Pro and 15 Pro Max Review: Love at First Zoom - CNET

iPhone 15 Series ဟာ စတင် ရောင်းချအပြီး ၁၇ ရက်အတွင်း iPhone 14 ထက် ရောင်းအား ၄.၅ ရာခိုင်နှုန်း ကျဆင်းတယ်လို့ ဈေးကွက်သုတေသန အဖွဲ့အစည်း Counterpoint Research က ပြောပါတယ်။ Huawei Mate 60 Pro ဟာ iPhone 15 ထက် ရောင်းအား ပိုကောင်းနေပါတယ်။

Buy iPhone 15 and iPhone 15 Plus - Apple (IN)

Apple ဟာ ဆယ်စုနှစ် ၁ ခုအတွင်း စမတ်ဖုန်း ရောင်းအား အနည်းဆုံး ဖြစ်နေပြီး iPhone 15 တွေ အပူလွန်ကဲတဲ့ ပြဿနာဟာလည်း အကြောင်းအရင်း ၁ ခု ဖြစ်နိုင်ပါတယ်။ Apple ဟာ တရုတ်မှာ ၂၀၁၈ ခုနှစ်နောက်ပိုင်း စမတ်ဖုန်း ရောင်းအား အနည်းဆုံး ဖြစ်နေပါတယ်။ တရုတ် ကုမ္ပဏီတွေ ဖြစ်တဲ့ OPPO နဲ့ vivo တို့က အာရှက User တွေကို စွဲဆောင်ထားနိုင်ပါတယ်။

Counterpoint က တရုတ်မှာ iPhone ရောင်းအားကျဆင်းတာဟာ ကိုဗစ် ၁၉ ကပ်ရောဂါကြောင့်လို့ သုံးသပ်ပါတယ်။ အမေရိကန်မှာတော့ iPhone 15 ဟာ စတင် ရောင်းချအပြီး ၉ ရက်အတွင်း iPhone 14 ထက် ရောင်းအား ပိုများနေပါတယ်။

တရုတ်မှာ အစိုးရဌာနတွေနဲ့ နိုင်ငံပိုင် ကုမ္ပဏီ‌တွေမှာ iPhone အသုံးပြုတာကို ပိတ်ပင်ထားတာကြောင့်လည်း iPhone ရောင်းအား ကျဆင်းနေတာ ဖြစ်နိုင်ပါတယ်။

Ref : yahoo