COVID-19 ဟာ ကမ္ဘာပေါ်ကနေပျောက်ကွယ်သွားတာမဟုတ်ပေမယ့် နိုင်ငံအတော်များများကတော့ New Normal မှာ အသားကျအောင်ကြိုးစားရင်း လုပ်ငန်းလည်ပတ်မှုတွေကို ပြန်လည်စတင်နေပြီဖြစ်ပါတယ်။ အမေရိကန်အခြေစိုက် နည်းပညာကုမ္ပဏီကြီး Apple ကလည်း iPhone 12 တွေကို အလုံးအရင်းလိုက်ထုတ်လုပ်ဖို့ တွန်းအားပေးနေတာကို တွေ့ပါတယ်။

Apple ဟာ 5G line up အတွက် Engineering verification စစ်ဆေးစမ်းသပ်ခြင်းကို အောင်မြင်ပြီးမြောက်ခဲ့ပေမယ့် အလုံးအရင်းလိုက်မထုတ်လုပ်ခင် ဒီဇိုင်းပိုင်းအတည်ပြုစစ်ဆေးခြင်းနဲ့ ထုတ်ကုန်စမ်းသပ်စစ်ဆေးခြင်း အဆင့်တွေတော့ မပြီးမြောက်သေးဘူးလို့ သိရပါတယ်။ ဒါ့အပြင် Apple ဟာ ကနဦးက ယူနစ် သန်း ၁၀၀ အတွက် အစိတ်အပိုင်းမှာယူခဲ့ပေမယ့် အမှာစာကို ယူနစ် သန်း ၈၀ အတွက် ပြန်လည်ပြင်ဆင်ခဲ့တယ်လို့ သိရပါတယ်။

ဒါတင်မကသေးပါဘူး။ Apple ဟာ iPhone မော်ဒယ်ဟောင်းတွေ ထုတ်လုပ်ဖို့ အမှာစာကိုလည်း ၄၅ သန်းသာ မှာခဲ့တယ်လို့ သိရပါတယ်။ ထုတ်လုပ်မှုနယ်ပယ်တွင်းက သတင်းတွေအရတော့ Apple ဟာ mmWave နဲ့ sub-6GHz iPhone 12 model တွေကို ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် ကူးဆက်ရောဂါကြောင့် mmWave iPhone ရဲ့ ထုတ်လုပ်မှုအချိန်ဇယားဟာ မူလရည်မှန်းထားတာထက် နှစ်လလောက် နောက်ကျမှာဖြစ်ပြီး 6GHz Sub-1 ကတော့ တစ်လကနေ တစ်လခွဲအထိ နောက်ကျမယ်လို့ သိရပါတယ်။ iPhone 12 မိတ်ဆက်မယ့် အစီအစဉ်ကို နိုဝင်ဘာလမှာ စတင်မယ်ဆိုတဲ့ သတင်းတွေအပြင် iPhone Assembly ကလည်း အောက်တိုဘာလအစောပိုင်းအထိ နှောင့်နှေးမယ်လို့ သိရပါတယ်။

Ref: GSM Arena