Archer ဟာ မြေပြင် ကနေ ဝေဟင် ၊ ဝေဟင် ကနေ မြေပြင်ကို ဒေါင်လိုက် အတက်၊ အဆင်း ပြုလုပ်နိုင်တဲ့ eVTOL လေယာဉ်တွေကို ဖန်တီးနေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ အခုတော့ Archer က Abu Dhabi Investment Office (ADIO) နဲ့ စာချုပ်ချုပ်လိုက်ပြီး ကုမ္ပဏီရဲ့ လျှပ်စစ် လေယာဉ် တက္ကစီတွေကို အဘူဒါဘီမှာ အစောဆုံး ဝန်ဆောင်မှုပေးမှာပါ။ အဘူဒါဘီမှာ လျှပ်စစ် လေယာဉ် တက္ကစီတွေကို ၂၀၂၆ ခုနှစ်မှာ ဝန်ဆောင်မှု ပေးဖို့ သဘောတူညီထားကြပါတယ်။

Archer Midnight electric air taxi.

ဒီစီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ ADIO ဟာ Archer ရဲ့ နိုင်ငံတကာ ရုံးချုပ်နဲ့ လေယာဉ် ထုတ်လုပ်တဲ့ စက်ရုံတွေကို အဘူဒါဘီက Smart and Autonomous Vehicle Industry (SAVI) Cluster မှာ တည်ဆောက်ခွင့်ပေးမှာ ဖြစ်ပါတယ်။

Archer rolls out its first Midnight eVTOL ahead of summer launch

Archer ဟာ အဘူဒါဘီမှာ လေယာဉ်ထုတ်လုပ်တဲ့ စက်ရုံနဲ့ Center of Excellence ကို တည်ဆောက်ဖို့ ကုမ္ပဏီရဲ့ ကုန်ထုတ်လုပ်မှု နိုင်ငံတကာ ပါတနာ Stellantis ၊ UAE က ဒေသတွင်း ပါတနာတွေနဲ့ ပူးပေါင်း အလုပ်လုပ်ဖို့ ကြိုးစားနေပါတယ်။ Center of Excellence မှာ နောက်ဆုံးပေါ် လေယာဉ် နည်းပညာတွေကို တီထွင်ဖို့ သုတေသနလုပ်ငန်းတွေကို လုပ်ဆောင်မှာ ဖြစ်ပါတယ်။

Archer ဟာ မြို့တွင်းမှာ ကားနဲ့ သွားရင် ၆၀ ကနေ ၉၀ မိနစ် ကြာတဲ့ ခရီးကို လျှပ်စစ် လေယာဉ် တက္ကစီနဲ့ ၁၀ ကနေ ၂၀ မိနစ်အတွင်း သွားနိုင်အောင် တီထွင်မှာ ဖြစ်ပါတယ်။ Archer ရဲ့ Midnight လျှပ်စစ် လေယာဉ်ဟာ လူ ၄ ယောက်နဲ့ ပိုင်းလော့ ၁ ယောက် စီးနင်းနိုင်ပြီး အားသွင်းချိန် လျှင်မြန်အောင် တည်ဆောက်ထားပါတယ်။ အားအပြည့်သွင်းထားရင် မိုင် ၁၀၀ အထိ မောင်းနှင်နိုင်ပါတယ်။ Archer က ဘေးကင်းပြီး ရေရှည်တည်တန့်တဲ့ စွမ်းအင်ကိုအသုံးပြုကာ ကုန်ကျစားရိတ် နည်းပါးစွာ ၊ အသံဆူညံမှု နည်းပါးစေတဲ့ သယ်ယူပို့ဆောင်ရေး စနစ်ကို တီထွင်ဖို့ ရည်ရွယ်ထားပါတယ်။

Ref : inceptivemind