လူသားတွေဟာ အာကာသထဲမှာ လူ့ အသုံးအဆောင်ပစ္စည်းတွေ အသုံးပြုလို့ ရ မရ စမ်းသပ်နေကြပါတယ်။ မကြာခင်က တရုတ် အာကာသယာဉ်မှူးတွေဟာ စွမ်းရည်မြင့် Huawei P50 Pro ကို အာကာသထဲ ယူသွားပြီး ဆဲလ်ဖီးတွေ ရိုက်ခဲ့ကြပါတယ်။

တရုတ် အာကာသယာဉ်မှူး ၁ ယောက်က Huawie P50 Pro ကို နိုင်ငံတကာ အာကာသစခန်းကို ယူဆောင်သွားပြီး အဲဒီမှာ ရိုက်ကူးထားတဲ့ ဓါတ်ပုံတချို့ကို မျှဝေလိုက်ပါတယ်။ သူ့လက်ထဲမှာ Huawei P50 Pro ကို တွေ့ရပြီး ဖုန်း အနောက်ဘက်က ကင်မရာ Ring ၂ ခုကို ထင်ထင်ရှားရှား မြင်ရပါတယ်။

ဓါတ်ပုံတွေအရ ဖုန်းဟာ အာကာသထဲမှာ အလုပ်ကောင်းကောင်းလုပ်နေပုံရပါတယ်။ စမတ်ဖုန်းတွေဟာ ကမ္ဘာ့လေထုထဲမှာ အသုံးပြုလို့ရအောင် ဒီဇိုင်း ထုတ်ထားတယ်ဆိုပေမယ့် အာကာသထဲမှာ ကင်မရာနဲ့ Touch တွေ အလုပ်လုပ်ကောင်းလုပ်ပါလိမ့်မယ်။ ဒါပေမယ့် ဖုန်း လိုင်း မိမှာတော့ မဟုတ်ပါဘူး။ အဲဒီဖုန်းကို အာကာသစခန်းရဲ့ ထိန်းချုပ်ထားတဲ့ လေထုထဲမှာ ဓါတ်ပုံရိုက်ကူးထားတာ ဖြစ်ပါတယ်။ အာကာသထဲ ယူသွားရင်တော့ အပူချိန်ကြောင့် ဖုန်း ပျက်ဆီးသွားနိုင်ပါတယ်။

Huawei P50 Pro ကို ၂၀၂၁ ခုနှစ် ဇူလိုင်လက ရောင်းချခဲ့ပြီး 4G ဆက်သွယ်မှုပဲ ပါပါတယ်။ 6.6 Inch OLED မျက်နှာပြင်၊ 120Hz Refresh Rate နဲ့ 300Hz Touch Sampling Rate ထည့်သွင်းထားပြီး Snapdragon 888 4G Processor မောင်းနှင်ထားပါတယ်။ EMUI 12 OS ထည့်ထားပြီး 66W Wired နဲ့ 50W Wireless Charging ထောက်ပံ့တဲ့ 4,360mAh Battery ပါပါတယ်။

Ref: gizmochina