Google ဟာ အခုအချိန်မှာ Pixel 6 စမတ်ဖုန်းတွေနဲ့အတူ Android 12 OS ကိုပါ Stable Version ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Google Pixel ဖုန်းတွေပဲ Android 12 OS ကို Stable Update ရရှိနေသေးတာဖြစ်ပေမယ့် Samsung ၊ OPPO နဲ့ Xiaomi လိုမျိုး စမတ်ဖုန်းကုမ္ပဏီတွေက ယခုနှစ်မကုန်ခင်မှာ Android 12 Update ကို ထုတ်ပေးနိုင်ဖို့ စီစဥ်နေပြီဖြစ်ပါတယ်။

အခုလည်း Taiwan စမတ်ဖုန်းထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ ASUS ကနေ သူ့ရဲ့ ROG Phone အပြင် Zenfone Series တွေအတွက် Android 12 OS Update ရရှိမယ့်အချိန်ကို ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်းတွေထဲမှာ Zenfone 7 ၊ Zenfone 8 ၊ Zenfone 8 Flip ဖုန်းတွေနဲ့ ROG Phone 3 ၊ ROG Phone 5 နဲ့ ROG Phone 5s တွေပါဝင်မှာဖြစ်ပါတယ်။

အစောဆုံးအနေနဲ့ ASUS Zenfone 8 နဲ့ Zenfone 8 Flip ဖုန်းတွေဟာ လာမယ့် ဒီဇင်ဘာလအတွင်းမှာ Android 12 Update ကို ရရှိသွားမှာဖြစ်ပါတယ်။ ပြီးရင်တော့ ROG Phone 5 နဲ့ ROG Phone 5s ဟာ ၂၀၂၂ ခုနှစ် ပထမ ၃ လပတ်အတွင်းမှာ Update ရရှိမယ်လို့ သိရပါတယ်။

ကျန်တဲ့ ROG Phone 3 နဲ့ Zenfone 7 စမတ်ဖုန်းတွေကတော့ Android 12 ကို ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်အတွင်းမှာ ရရှိမယ်လို့ သိရတဲ့အတွက် လာမယ့်နှစ် ဇွန်လမတိုင်ခင်မှပဲ Update ရရှိဖွယ်ရှိနေပါတယ်။ ASUS ရဲ့ တရားဝင်ပြောကြားချက်အရတော့ အဆိုပါ Android 12 Update ဟာ Google ကနေ ကြေညာထားတဲ့ တရားဝင် Android 12 Feature တွေအပြင် ASUS ရဲ့ Battery နဲ့ Performance ပိုင်းဆိုင်ရာ ကိုယ်ပိုင် Feature တွေလည်း ပါဝင်လာမယ်လို့ သိရပါတယ်။ Zenfone တွေအတွက်ကတော့ ZenUI ကိုပါ Update ပြုလုပ်လာမှာလည်းဖြစ်ပါတယ်။

Ref – GSM Arena