Asus က အမိုက်စား စွမ်းရည်မြင့် Gaming ဖုန်းတွေ ဖြစ်တဲ့ ROG Phone 9 Series ကို ကြေညာလိုက်ပြီး ROG Phone 9 နဲ့ ROG Phone 9 Pro တို့ ပါလာပါတယ်။
ဒီဖုန်းတွေမှာ Display က 6.78” Full HD+ AMOLED HDR LTPO ကို သုံးထားပြီး 165Hz Refresh Rate နဲ့ 2500 ပါလာပါတယ်။ Display ကို အကြမ်းခံတဲ့ Gorilla Glass Victus 2 နဲ့ ကာကွယ်ထားပါတယ်။
Qualcomm ရဲ့ နောက်ဆုံးထုတ်စွမ်းရည်မြင့် Snapdragon 8 Elite SoC သုံးထားပြီး LPDR5X RAM နဲ့ UFS 4.0 Storage ပါပါတယ်။ 24GB RAM နဲ့ 1TB Storage အထိထည့်ထားပါတယ်။
ဂိမ်းဖုန်း ဖြစ်တဲ့အတွက် 360 Degree SoC Cooling System Gen 3 Design နဲ့ ၅၇ ရာခိုင်နှုန်း ပိုကြီးတဲ့ Graphite Sheet ပါတဲ့ အအေးပေး စနစ် ပါပါတယ်။ ဂိမ်းကစားဖို့ Hardware Shoulder Button တပ်ထားပါတယ်။ Android 15 အခြပြု ROG UI ထည့်ထားပြီး Gaming Interface ပါပါတယ်။
ROG Phone 9 မှာ အနောက်ကင်မရာ ၃ လုံး ပါလာပြီး 50MP Main (Video Stability ပိုကောင်းစေတဲ့ 6-axis Gimbal Stabilization ) , 13MP Ultrawide , 5MP Macro ဖြစ်ပါတယ်။ ROG Phone 9 Pro မှာ Macro Lens ကို 32MP 3x Telephoto ကင်မရာနဲ့ အစားထိုးထားပါတယ်။
ဘက်ထရီကို 5,800mAh သုံးထားပြီး 65W Fast Charging နဲ့ 15W Qi Wireless Charging ပါပါတယ်။ Display အောက် လက်ဗွေဖတ်စနစ်နဲ့ IP68 ရေစိုခံစံနှုန်း ထည့်ထားပါတယ်။
ဒီဖုန်းတွေရဲ့ အနောက်မှာ AniMe Vision Display တပ်ထားပြီး ပရိုဂရမ်ဆွဲထားနိုင်တဲ့ mini-LED ၈၅ လုံးကို ရိုးရိုးမော်ဒယ်နဲ့ ၆၄၈ လုံးကို Pro မှာ ထည့်ထားပါတယ်။ ဂိမ်းကစားရင်း မီးရောင်တွေနဲ့ လှပနေမှာပါ။
ROG Phone 9 အတွက် Storm White နဲ့ Phantom Black အရောင်နဲ့ Pro အတွက် Phantom Black အရောင်ထုတ်လုပ်ထားပြီး ဈေးနှုန်းကို အောက်မှာ ပြထားပါတယ်။ AeroActive Cooler X Pro ပါတဲ့ ROG Phone 9 Pro Edition မှာ 24GB RAM နဲ့ 1TB Storage ထည့်ထားပါတယ်။
Ref : gizmochina