ASUS ဟာ Zenfone 7 စီးရီးကို လာမယ့် သြဂုတ်လ ၂၆ ရက်နေ့မှာ တရားဝင် မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ တရားဝင်မိတ်ဆက်ရက်မတိုင်မီမှာ Zenfone 7 နဲ့ Zenfone 7 Pro တို့အကြောင်း ကောလာဟလတွေလည်း ထွက်ပေါ်ခဲ့ပြီး ဖြစ်ပါတယ်။ အခုထွက်ပေါ်လာတာကတော့ Zenfone 7 ရဲ့ Specs အချို့ကို Kernel code ကတစ်ဆင့် သိရတာပါ။

ASUS Zenfone 7 ဟာ Snapdragon 865 chipset ကို ROG Phone 3 လိုပဲ သုံးထားမှာဖြစ်တဲ့အတွက် Kernel code ကလည်း အတူတူပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကွယ်ဝှက်ထားတဲ့ အစိတ်အပိုင်းတွေအကြောင်းကိုလည်း ဖော်ပြပြီးသား ဖြစ်ပါတယ်။

ပထမဦးဆုံးအနေနဲ့ Chipset ပိုင်းကိုကြည့်တဲ့အခါ ZS670KS ဟာ Standard S865 chip ကို အသုံးပြုထားတာ တွေ့ရပါတယ်။ (S865+ မှာတွေ့ရတဲ့ FastConnect 6900 အစား 6800 ကိုပဲ တွေ့ရတာကြောင့် ဖြစ်ပါတယ်) ဒီအချက်ကတော့ ကောလာဟလတွေနဲ့ ကိုက်ညီတဲ့ အချက်ပါ။ Zenfone 7 ကတော့ ပုံမှန် Chip ပဲသုံးမှာဖြစ်ပြီးတော့ Pro ကတော့ Plus ကို အသုံးပြုမယ့် အမျိုးအစား ဖြစ်လာပါလိမ့်မယ်။

မျက်နှာပြင်ပိုင်းမှာတော့ BOE ကလုပ်တဲ့ 6.4-inch LCD ဖြစ်ပြီး 1080 x 2340 px resolution ဖြစ်ပါတယ်။ Refresh rate ကတော့ 60Hz ပဲဖြစ်ပါတယ်။ လက်ဗွေဖတ်စနစ်ကတော့ ကျောဘက်၊ ဒါမှမဟုတ် ဘေးဘက်မှာ တပ်ဆင်ထားဖွယ်ရှိပါတယ်။ ကင်မရာပိုင်းမှာတော့ 2019 မော်ဒယ်အတိုင်း Flip-up ပဲ သုံးလာဖွယ်ရှိပါတယ်။

Motorized flip မှာ Wide နဲ့ Ultra-wide ကင်မရာတွေရယ်၊ 3D ToF sensor ရယ် ပါရှိမယ်လို့ ဆိုပါတယ်။ အဓိက ကင်မရာက ROG Phone 3 မှာအသုံးပြုတဲ့ Sony IMX686 64MP sensor လို့ သိရပါတယ်။

Ref: GSM Arena