ZTE က ဒီလ ၂၆ ရက်နေ့မှာ Axon 30S ကို ကြေညာမှာ ဖြစ်ပြီး မျက်နှာပြင်အောက် ကင်မရာ ပါလာမှာပါ။ ZTE က မျှဝေထားတဲ့ Axon 30S ရဲ့ ဓါတ်ပုံမှာ Punch Hole, Notch တွေ မပါတာကို တွေ့ရပါတယ်။

The ZTE Axon 30S is coming next week with an under display camera

အထူက ၇.၈ မီလီမီတာနဲ့အလေးချိန်က ၁၉၂ ဂရမ် ရှိမယ်လို့ တရားဝင် Teaser ၁ ခုမှာ ဖော်ပြထားပြီး ဝီဘိုက ပို့စ်မှာ ပါးလွှာပြီး ပေါ့ပါးမယ်လို့ ကြော်ငြာထားပါတယ်။

The Axon 30S will measure 7.8mm thick and will weigh 192g

ZTE ဟာ Axon 30 Series ကို ဘာလို့ ပြန်ထုတ်သလဲဆိုတာ မသိရသေးဘဲ Axon 40 Series ကိုတောင် ရောင်းချထားပြီး ဖြစ်ပါတယ်။ Axon 30S ဟာ မျက်နှာပြင်အောက် ကင်မရာ ပါတဲ့ Axon 30 5G ကို အဆင့်မြှင့်ထားတာ ဖြစ်နိုင်ပါတယ်။

Axon 30S ကို TENAA မှာ တွေ့လာရပြီ ဖြစ်ပြီး ၆.၆၇ လက်မ AMOLED FHD+ မျက်နှာပြင်ပါမယ်လို့ ဖော်ပြထားပါတယ်။ Axon 30 5G မှာ ၆.၉၂ လက်မ မျက်နှာပြင် ပါလာတာပါ။ ဘက်ထရီက ပိုကြီးလာပြီး 4,430mAh ဖြစ်လာပါတယ်။ (4,200mAh ထက်ပိုကြီးလာတာပါ။ ) 30 5G က ပိုပေါ့ပါးပြီး ၁၈၉ ဂရမ် ရှိပါတယ်။

Axon 30S မှာ 64MP Main , 5MP Macro နဲ့ 2MP Depth ကင်မရာတွေ တပ်ဆင်ထားမှာ ဖြစ်ပြီး 8MP Ultrawide ကို ဖယ်ရှားထားမှာပါ။ ဆဲလ်ဖီး ကင်မရာက 16MP ဖြစ်မှာပါ။

Ref : gsmarena