နာမည်ကြီး Game ကုမ္ပဏီတစ်ခုဖြစ်တဲ့ EA ဟာ FPS Shooter Game တွေဖြစ်တဲ့ Battlefield Series တွေနဲ့ အောင်မြင်မှုရရှိနေတာဖြစ်ပါတယ်။ လောလောဆယ်မှာ Battlefield Series ဟာ PC နဲ့ Console တွေမှာပဲ ဆော့ကစားနိုင်တာဖြစ်ပေမယ့် မကြာခင်အချိန်တိုအတွင်းမှာ Mobile Version ရရှိလာတော့မှာပါ။

ဘာကြောင့်လဲဆိုရင် ပြီးခဲ့တဲ့ ဧပြီလတုန်းက EA ကနေ Battlefield Mobile Version ကို မိတ်ဆက်ဖို့စီစဥ်နေတာဖြစ်ပြီး Stable Version ကို လာမယ့် ၂၀၂၂ ခုနှစ်ထဲမှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ အခုအချိန်မှာတော့ EA ကနေ ဂိမ်းနာမည်အပြင် Beta ကို အစောဆုံးရရှိလာမယ့်အချိန်ကိုပါ ပြောကြားခဲ့ပါတယ်။

EA ရဲ့ ပြောကြားချက်အရတော့ ဂိမ်းကို “Battlefield Mobile” လို့ပဲ နာမည်ပေးထားမှာဖြစ်ပြီး Beta Version ကို Android အတွက်အစောဆုံးထုတ်ပေးသွားမှာဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ကတော့ အာရှနိုင်ငံတွေဖြစ်တဲ့ Indonesia နဲ့ Philippines မှာအရင်ဆုံးအနေနဲ့ ယခုနှစ်ကုန်ပိုင်းမှာ စတင်မိတ်ဆက်ပေးသွားမယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း အခု Beta Version ကို လူတိုင်းဆော့ကစားနိုင်ဦးမှာမဟုတ်ဘဲ လူအနည်းငယ်ကိုပဲ ဆော့ကစားနိုင်အောင် ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ တခြားသော လူတွေပါ ဆော့ကစားနိုင်အောင် ဆောင်ရွက်ပေးဖို့ စီစဥ်ထားတာဖြစ်ပါတယ်။

Beta Version မှာ Grand Bazaar လို့ နာမည်ပေးထားတဲ့ Map တစ်ခုပဲ ပါဝင်ဦးမှာဖြစ်ပြီး Signature Conquest Game Mode အနေနဲ့ ဆော့ကစားမှာဖြစ်ပါတယ်။ Free-to-Play အနေနဲ့ဆော့ကစားရမှာဖြစ်ပြီး ဂိမ်းဆော့ကစားမှုကို ထိခိုက်မှုမရှိစေတဲ့ Cosmetic Item တွေကိုပဲ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ တခြားသော Battle Royale Game တွေလိုမျိုးပဲ Optional Battle Pass Feature ကိုလည်း ထည့်သွင်းပေးထားမယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Mobile Gamer တွေအတွက်လည်း Call of Duty : Mobile အပြင် နောက်ထပ်ရွေးချယ်စရာဂိမ်းတစ်ခုရှိလာတော့မှာဖြစ်ပါတယ်။

Ref – Engadget