YouTube channel ဟာ မကြာသေးခင်ကပဲ နောက်ထပ်မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ပါတယ်။ အဲဒါကတော့ Subscribers ပေါင်း ၁.၅ သန်း နဲ့ ကြည့်ရှုသူပေါင်း ၃၂၅ သန်းကျော် ရရှိခဲ့ပြီဆိုတာပါပဲ။ လွန်ခဲ့တဲ့ ၂ နှစ်ကတော့ Subscribers အရေအတွက်ဟာ ၁ သန်းသာ ရှိခဲ့တာ ဖြစ်ပါတယ်။

YouTube ဟာ ပိုပြီးကြီးမားတဲ့ပလက်ဖောင်းဖြစ်လာတာနဲ့အမျှ အခြားဆိုရှယ်မီဒီယာတွေလိုပဲ ပြဿနာပေါင်းများစွာကို ရင်ဆိုင်လာရပါတယ်။ အသုံးပြုသူတွေအတွက် ပိုကောင်းတဲ့ရွေးချယ်မှုဖြစ်စေဖို့ ကြိုးစားနေပေမဲ့လည်း အခုတစ်ခါ ထပ်ပြီးကြုံတွေ့နေရတာက Comments တွေကို ကိုယ်ရေးကိုယ်တာအကျိုးအတွက်အသုံးပြုနေတဲ့ Spammer တွေပါပဲ။

Spammer တွေဟာ YouTube ကိုအသုံးချပြီး Telegram နဲ့ WhatsApp တွေကတစ်ဆင့် လူတွေကို လိမ်လည်လှည့်ဖြားဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ YouTube အနေနဲ့က ဒီလိမ်လည်မှုတွေနဲ့ပတ်သက်ပြီး ကိုင်တွယ်ရာမှာ သူ့ Channel ဗီဒီယိုတွေက Comment တွေကို စောင့်ကြည့်စိစစ်နေရတယ်လို့ ဆိုပါတယ်။

Spam comment တွေနဲ့ပတ်သက်ပြီး လက်ရှိ YouTube ရဲ့ Moderation tools တွေဟာ ခေတ်မမီတော့ဘဲ Spam comment တစ်ခုစီကို လိုက်ပြီးစိစစ်နေရတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ပြဿနာဟာ YouTube Channel မှာပဲ သီးခြားဖြစ်နေတာတော့ မဟုတ်ပါဘူး။ အခြားပလက်ဖောင်းတွေမှာလည်း ဖြစ်နေပြီး အဓိကထိခိုက်နေကြတာက Creators တွေနဲ့ Celebrities တွေပဲ ဖြစ်ကြပါတယ်။

လိမ်လည်သူတွေဟာ အကောင့်အမြောက်အများကိုဖွင့်လှစ်ထားကြပါတယ်။ YouTube ရဲ့ စနစ်မှာက Comments ပေးနိုင်တဲ့နှုန်းထားကို ကန့်သတ်ထားတာမရှိသေးတာကြောင့် သူတို့တွေဟာ ဗီဒီယိုပေါင်းများစွာမှာ လွတ်လွတ်လပ်လပ်ပဲ Comments တွေလိုက်ပေးနေနိုင်ပါတယ်။ ပြဿနာက အကောင့်တစ်ခုကိုဖျက်လိုက်ရင် နောက်ထပ်အကောင့်နှစ်ခုကို ပြန်လုပ်လိုက်မယ်ဆိုတာပါပဲ။ YouTube အနေနဲ့ ဒီပြဿနာကို ကောင်းကောင်းမွန်မွန်ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်နေပြီဆိုတာလည်း သိသာလာပြီဖြစ်ပါတယ်။

Ref: GSM Arena