အမေရိကန်ငွေကြေးဟာ မကြာခင်မှာ ကြီးမားတဲ့ဖောင်းပွမှုမုန်တိုင်းကြီးတစ်ခု ဖြစ်ပေါ်လာဖွယ်အခြေအနေ ကြုံနေရတာပါ။ ဒီမုန်တိုင်းရဲ့ ရိုက်ခတ်မှုဒဏ်ကို Cryptocurrency တွေလည်း ခံရမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီထဲမှာ Bitcoin လည်းပါဝင်ပြီး အခုအချိန်အထိတော့ ငြိမ်သက်နေသေးတာကိုလည်း တွေ့မြင်ရပါတယ်။

Cryptocurrency ဟာ လွန်ခဲ့တဲ့ရက်သတ္တပတ်ကစပြီး ၁၁% ကျဆင်းလာခဲ့ပြီး အပြောင်းအလဲအနည်းငယ်ဖြစ်လာတာ ရက်ပိုင်းပဲရှိပါသေးတယ်။ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့လည်း ငွေကြေးဖောင်းပွမှုဒေတာတွေကိုကြည့်ရင်း အသက်မရှူရဲလောက်အောင်ဖြစ်နေခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်တွေလည်း ငြိမ်သက်သွားခဲ့ရပါတယ်။

ငွေကြေးဖောင်းပွမှု ၈.၅% ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဒေါ်လာဈေးဟာ တစ်ကမ္ဘာလုံးမှာ ကျဆင်းသွားခဲ့ပါတယ်။ ဒါပေမဲ့ Crypto ကတော့ ၅% တက်လာတယ်လို့ Pepperstone Group က သုတေသနအကြီးအကဲ Chris Weston က မှတ်ချက်တစ်ခုအနေနဲ့ ရေးသားခဲ့တာကိုလည်း တွေ့ရပါတယ်။

Fed rate (Federal Funds Rate) တက်လာတာနဲ့အမျှ Terra ecosystem လည်း ပျော်ကျခြင်းနဲ့ Crypto hedge fund Three Arrows Capital ပြိုလဲခြင်းတွေက ၂၀၂၂ ခုနှစ်အတွင်း Bitcoin ၅၈% ကျဆင်းသွားခြင်းနဲ့ ဆက်နွယ်မှုရှိနေပါတယ်။ CoinGecko ရဲ့ အဆိုအရ စုစုပေါင်း Crypto ဈေးကွက်တန်ဖိုးဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ဒေါ်လာ ၉၀၆ ဘီလီယံနီးပါးရှိနေပါတယ်။

Fairled Strategies ရဲ့ ပူးတွဲတည်ထောင်သူ Katie Stockton က “ရေရှည်ရှုထောင့်အရ ကျဆင်းနေတဲ့အရှိန်အဟုန်ဟာ ကြီးထွားလာတယ်” လို့ ဒီသီတင်းပတ်အစောပိုင်းက ပြောခဲ့ပါတယ်။

Ref: Bloomberg