တရုတ် ဂိမ်း စမတ်ဖုန်း ထုတ်လုပ်သူ Black Shark ဟာ လုပ်ငန်းလည်ပတ်မှု ပြဿနာတွေ ရှိနေပြီး စွမ်းရည်မြင့် Black Shark 6/Pro ကို မထုတ်လုပ်တော့ဘူးလို့ သတင်းထွက်နေပါတယ်။ ဒါပေမယ့် အခုတော့ တရုတ်က အွန်လိုင်း စတိုး Youxianyu မှာ Black Shark 6 နမူနာမော်ဒယ်ကို ရောင်းချနေတဲ့အတွက် ကုမ္ပဏီဟာ Black Shark 6 ကို ထုတ်လုပ်ရောင်းချဖို့ ပြင်ဆင်နေတာ သေချာပါတယ်။

Black Shark 6 Prototype

Black Shark 6 ကို ၃,၉၀၀ ယွမ် ( ၅၆၄ ဒေါ်လာ)နဲ့ ရောင်းချနေပြီး 12GB RAM, 512GB Storage , Sony IMX686 Main ကင်မရာနဲ့ 120W Fast Charging အပါအဝင် အထင်ကြီးစရာ Specs တွေ ထည့်သွင်းထားပါတယ်။ ဒါပေမယ့် Youxianyu မှာ စာရင်းတင်ထားတဲ့ Black Shark 6 ဟာ နမူနာမော်ဒယ် ဖြစ်ပြီး MIUI 13 အခြေပြု JOYUI 13 မောင်းနှင်ထားပါတယ်။

Black Shark 6 Prototype

ပေါက်ကြားသတင်းတွေအရ Black Shark 6 Series မှာ 2K Punch Hole မျက်နှာပြင်၊ Snapdragon 8 Gen 2 Chip ၊ 5,000mAh ဘက်ထရီ ပါလာမယ်လို့ သိရပါတယ်။ အရွယ်ကြီး Dual Speaker ၊ Active Cooling နဲ့ အပူစုပ်ယူတဲ့ နည်းပညာတွေ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Black Shark 6 Prototype

Black Shark ဟာ ကုမ္ပဏီတွင်းမှာ လုပ်ငန်း လည်ပတ်မှု ပြဿနာတွေ ရှိနေတယ်လို့ သတင်းထွက်နေပေမယ့် Black Shark 6 Series နဲ့ ဂိမ်း စမတ်ဖုန်း နယ်ပယ်ထဲ ပြန်လည် ဝင်ရောက်လာနိုင်ပါတယ်။

Ref : gizmochina