Xiaomi က တရုတ်မှာ ပြီးခဲ့တဲ့ မတ်လက Black Shark 5 Series ကို ကြေညာခဲ့ပြီး အခုတော့ ဒီနှစ် မတ်လမှာ Black Shark 6 Series ကို မိတ်ဆက်မယ်လို့ ထင်ပါတယ်။ ကုမ္ပဏီက Black Shark 6 Series အကြောင်းကို ဘာမှ မပြောသေးပေမယ့် နာမည်ကြီး Tipster Digital Chat Station က Black Shark 6 Series ရဲ့ သတင်းအချက်အလက်တွေကို မျှဝေလိုက်ပါတယ်။

Black Shark 5 Pro, Black Shark 5 launched with 144Hz display, 120W Fast charging, and UFS 3.1 + SSD storage - Gizmochina

DCS က Black Shark 6 Series မှာ Snapdragon 8 Gen 2 SoC မောင်းနှင်ထားမှာ ဖြစ်ပြီး 2K မျက်နှာပြင် ပါလာမယ်လို့ ပြောပါတယ်။ ဆဲလ်ဖီး ကင်မရာကို မျက်နှာပြင် အထက် အလယ်က Punch Hole မှာ တပ်ဆင်ထားမှာပါ။ အနောက်ဘက် ပင်မ ကင်မရာဟာ 64MP Sony IMX686 ဖြစ်ပြီး Ultrawide ၊ Macro/Telephoto ကင်မရာတွေနဲ့ အားဖြည့်ထားမှာပါ။

Black Shark 5 Series Introduced in China - Gadget Pilipinas | Tech News, Reviews, Benchmarks and Build Guides

DCS က Black Shark 6 Series မှာ စပီကာ ၂ လုံးနဲ့ စွမ်းဆောင်ရည် မြင့်မားစေဖို့ အဆင့်မြင့် အအေးပေး စနစ် ထည့်သွင်းထားမယ်လို့ ပြောပါတယ်။ သတ္တုဖရိမ်နဲ့ Ceramic Body Texture ပါလာမှာ ဖြစ်ပြီး 120W Fast Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ တပ်ဆင်ထားမှာပါ။

Black Shark 6 Series မှာ စမတ်ဖုန်း ဘယ်နှစ်လုံး ပါလာမလဲဆိုတာ မသိရသေးပါဘူး။ ပြီးခဲ့တဲ့နှစ်က အတိုင်းဆိုရင် ရိုးရိုး Black Shark 6 ၊ RS နဲ့ Pro Version တွေ တရုတ်မှာ ထွက်လာနိုင်ပါတယ်။ Black Shark 6 နဲ့ Pro Version တွေကို လအနည်းငယ်အကြာ နိုင်ငံတကာမှာ ကြေညာနိုင်ပါတယ်။

Ref : gsmarena