Huawei ဟာ လာမယ့်အောက်တိုဘာဝန်းကျင်မှာ Flagship စမတ်ဖုန်းတွေဖြစ်တဲ့ Huawei Mate 40 Series ဖုန်းတွေကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ Mate 40 Series ဖုန်းတွေအတွက် OLED Display Panel တွေကို Chinese Display Maker တစ်ဦးဖြစ်တဲ့ BOE ကနေ ထောက်ပံ့သွားမယ်ဆိုပြီး သတင်းတွေထွက်ပေါ်လာပါပြီ။

ယခုသတင်းကိုတော့ Korea နိုင်ငံအခြေစိုက် The Elec သတင်းဌာနကဖော်ပြသွားခဲ့တာဖြစ်ပြီး Mate 40 Series ကို ထောက်ပံ့သွားမယ့် OLED Display Panel တွေဟာ Touch Sensor ကိုပါ Panel ထဲမှာ ထည့်သွင်းထားတဲ့ On-cell OLED Panel တွေဖြစ်တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး On-cell OLED Display တွေကို ထုတ်လုပ်နိုင်တာက BOE အတွက်တော့ ကြီးမားတဲ့ အောင်မြင်မှုတစ်ခုဖြစ်ပြီး လက်ရှိ OLED Display စျေးကွက်ကိုဦးဆောင်နိုင်တဲ့ Samsung နဲ့ LG တို့ကို နည်းပညာပိုင်းမှာ အမှီလိုက်နိုင်နေပြီလို့တောင် ပြောရမှာပါ။ လက်ရှိသိထားတဲ့သတင်းတွေအရလည်း Apple ဟာ iPhone 12 Series အတွက် OLED Display တွေကို Samsung အပြင် BOE ဆီကပါ မှာယူသွားဦးမှာဖြစ်ပါတယ်။

Huawei ဟာ ပြီးခဲ့တဲ့ P40 Series ဖုန်းတွေအတွက် On-cell OLED Display Panel တွေကို Samsung Display နဲ့ LG Display ကုမ္ပဏီတွေဆီက ရယူခဲ့တာဖြစ်ပြီးတော့ အခုကျမှ BOE ကနေ Mate 40 Series အတွက် ထောက်ပံ့ပေးနိုင်တာဖြစ်ပါတယ်။ Huawei Mate 40 ဖုန်းမှာတော့ BOE ရဲ့ On-cell OLED Panel တွေကိုပဲ Exclusive အနေနဲ့ အသုံးပြုထားမှာဖြစ်ပြီး Mate 40 Pro မှာတော့ Samsung နဲ့ LG တို့နဲ့အပြိုင် Co-Supplier အနေနဲ့ ထောက်ပံ့ပေးရမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Huawei Mate 40 Series ဖုန်းတွေဟာ ယခင်တုန်းကသတင်းတွေထွက်ရှိထားသလို့ In-Display Selfie Camera တော့ပါဝင်လာမှာမဟုတ်တော့ပဲ P40 Series ဖုန်းတွေလိုမျိုးပဲ Punch-hole OLED Display တွေကိုပဲ အသုံးပြုလာဖို့သေချာသလောက်ဖြစ်နေပါပြီ။

Ref – Gizmo China