iPhone 12 Series မကြေညာခင် ဒီနှစ် အစောပိုင်းက Apple ဟာ iPhone 12 Series အတွက် တတိယမြောက် OLED Screen Supplier ပြုလုပ်ပေးဖို့ BOE နဲ့ ဆွေးနွေးနေတယ်လို့ သတင်းထွက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း Samsung နဲ့ LG တို့ကပဲ ထုတ်လုပ်ပေးခဲ့ရပြီး BOE ကတော့ အရည်အသွေး ထိန်းချုပ်မှု ပြဿနာတွေ ရှိခဲ့တဲ့အတွက် မထုတ်လုပ်ပေးခဲ့ရပါဘူး။ BOE က ဒီပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစားခဲ့ရပါတယ်။

iPhone 12 review: One of our highest-rated phones of all time - CNET

အခုတော့ ဈေးကွက် သုတေသန အဖွဲ့အစည်း ၁ ခုက BOE ဟာ အသိအမှတ်ပြုလက်မှတ် ရသွားပြီ ဖြစ်ပြီး မကြာခင်မှာ Apple iPhone 12 Series အတွက် OLED Panel တွေ စတင် ထုတ်လုပ်ပေးတော့မယ်လို့ ပြောပါတယ်။ Samsung ဟာ ၂၀၂၁ ခုနှစ်မှာ OLED Panel သန်း ၁၃၀ ၊ LG ဟာ သန်း ၄၀ နဲ့ BOE ဟာ ၁၀ သန်း ထုတ်လုပ်ပေးမယ်လို့ တွက်ချက်ထားကြပါတယ်။

iPhone 12 and 12 Pro review: Apple enters the 5G era | Engadget

ဒါပေမယ့်လည်း iPhone 12 Series နောက်နှစ်မှာ ရောင်းအား ကောင်းမယ်ဆိုရင် အော်ဒါတွေဟာ သန်း ၂၀ အထိ မြင့်တက်သွားနိုင်ပါတယ်။ ကမ္ဘာ့  OLED Panel ဈေးကွက်ဟာ ၂၀၂၄ ခုနှစ်ကျရင် ၄၉.၇ သန်းအထိ ရောက်သွားနိုင်မယ်လို့ ခန့်မှန်းထားကြပြီး Apple ဟာ အဲဒီဈေးကွက်ရဲ့ ၄၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်တော့မှာ ဖြစ်ပါတယ်။

Ref : gsmarena