Canalys ရဲ့ စစ်တမ်းအရ ကွာတား ၂ ဖြစ်တဲ့ ဧပြီလကနေ ဇွန်လအတွင်း စမတ်ဖုန်း ရောင်းအား ကျဆင်းသွားပြီး ကမ္ဘာ့ စမတ်ဖုန်း ရောင်းအားဟာ အလုံးရေ ၂၈၇ သန်းပဲရှိပါတယ်။ Samsung က ရောင်းအား အကောင်းဆုံး နေရာကို ဆက်လက် ထိန်းသိမ်းထားပြီး Apple က Xiaomi ဆီကနေ နံပါတ် ၂ နေရာကို ပြန်လည် လုယူနိုင်ခဲ့ပါတယ်။ တရုတ် ကုမ္ပဏီတွေဟာ ကွာတား ၂ မှာ ကုန်ကြမ်း ပြတ်တောက်တဲ့ ပြဿနာကို ရင်ဆိုင်ခဲ့ရပါတယ်။

Canalys also reports smartphone market decline in Q2, claims 9% less shipments

Samsung နဲ့ Apple က အရင်နှစ်ကထက် ရောင်းအား အနည်းငယ် ပိုကောင်းခဲ့ပေမယ့် တရုတ် ကုမ္ပဏီတွေ ရောင်းအား ကျဆင်းခဲ့ပါတယ်။ တရုတ်မှာ ကွာတား ၂ အတွင်း Lockdown များစွာ ပြုလုပ်ခဲ့တဲ့အတွက် စမတ်ဖုန်း ရောင်းအားကို ထိခိုက်ခဲ့ပါတယ်။

Canalys also reports smartphone market decline in Q2, claims 9% less shipments

စမတ်ဖုန်း အစိတ်အပိုင်း မှာယူမှုတွေ ကျဆင်းနေပြီး Supplier တွေက ပိုပိုလျှံလျှံ ထောက်ပံ့နိုင်တဲ့အတွက် ကုန်ကြမ်း ပြတ်တောက်မှုဟာ ပြဿနာ မဟုတ်ဘူးလို့ လေ့လာဆန်းစစ်သူတွေက ပြောပါတယ်။ ကုမ္ပဏီတွေဟာ အပို စုဆောင်းတာ၊ ဒုတိယနှစ်ဝက်ကျမှ ကုန်ပစ္စည်း ရောင်းချတာလို ဖြေရှင်းနည်းတွေကို ကျင့်သုံးနေကြပါတယ်။

၂၀၂၂ ခုနှစ်ရဲ့ ဒုတိယနှစ်ဝက်ကို ခန့်မှန်းကြတဲ့အခါ စမတ်ဖုန်း မိတ်ဆက်ပွဲနဲ့ ဈေးရောင်းပွဲတော်တွေ ရှိပေမယ့် ဝယ်လိုအား ကျဆင်းဦးမယ်လို့ သိရပါတယ်။ အဓိက အကြောင်းအရင်းတွေက အမေရိကန် ဒေါ်လာ ဈေးမာတာ၊ ပထဝီဝင် နိုင်ငံရေး ပြဿနာတွေ၊ တရုတ် ကုမ္ပဏီတွေဟာ အိန္ဒိယလို ဈေးကွက်ကြီးတွေမှာ ဒုက္ခရောက်နေတာနဲ့ ကမ္ဘာအဝန်းမှာ ငွေကြေးဖောင်းပွတာတွေ ဖြစ်ပါတယ်။

Ref : gsmarena