မိုဘိုင်းဖုန်းတွေကို ရွှေ၊ ကျောက်သံပတ္တမြားတွေနဲ့ အလှဆင် ရောင်းချတဲ့ Caviar က Barbiecore လို့ခေါ်တဲ့ Collection အသစ်ကို ကြေညာလိုက်ပါတယ်။ Device ၄ ခု ပါဝင်ပြီး ရွှေ၊  စိန်တွေနဲ့ အလှဆင်ထားကာ ပန်းရောင် ဖန်တီးထားပါတယ်။ အဲဒီ Device တွေက Samsung Galaxy Z Flip5 ၊ မကြေညာရသေးတဲ့ iPhone 15 Pro, Pro Max နဲ့ Watch Series 9 တို့ ဖြစ်ပါတယ်။

စမတ်ဖုန်းတွေမှာ မိန်းကလေး ဒေါက်ဖိနပ် ဒီဇိုင်းတွေ ထည့်သွင်းထားပါတယ်။ Foldable ဖုန်းမှာ သားရေအတု ထည့်သွင်းထားပြီး အနောက်ဘက်မှာ ပတ္တမြား ၄၉ လုံး တပ်ဆင်ထားပါတယ်။

iPhone 15 ရဲ့ ကင်မရာ Island ပတ်လည်မှာ Swarovski Crystal ၆၁ လုံး ထည့်သွင်းထားပြီး အနောက်ဘက်ကို ပန်းရောင် မိကျောင်းသားရေနဲ့ ဖုံးအုပ်ထားပါတယ်။ ၂၄ ကာရက် ရွှေတွေနဲ့ သွန်းလောင်းထားပြီး ကင်မရာ ပတ်လည်က ဖရိမ်၊ ဘေးဘက်တွေကို တန်ဖိုးကြီး သတ္တုနဲ့ တည်ဆောက်ထားပါတယ်။

Apple Watch Series 9 မှာ 316L Stainless Steel ကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး Rose Gold PVD Coating နဲ့ ဖုံးအုပ်ထားပါတယ်။ လက်ပတ်ကြိုးက ပန်းရောင် ရာဘာဖြစ်ပြီး ဖြုတ်လဲနိုင်သလားဆိုတာ မသိသေးပါဘူး။

ကုမ္ပဏီက Device ၁ ခုစီအတွက် ၉၉ လုံးပဲ ရောင်းချမှာပါ။ လက်ရှိမှာ အဲဒီ Device တွေဟာ Concept အဆင့်ပဲ ရှိပါသေးတယ်။ Apple Watch Series 9 ကို ဒေါ်လာ ၁,၉၀၀ ၊ Galaxy Z Flip5 ကို ဒေါ်လာ ၈,၅၆၀ နဲ့ iPhone 15 Pro ကို ဒေါ်လာ ၇,၉၉၀ သတ်မှတ်ထားပါတယ်။

Ref : gsmarena