ဒီနှစ် Halloween အတွက် Caviar က iPhone 15 Pro နဲ့ Pro Max အတွက် UFO Design Collection ကို ကြေညာလိုက်ပြီး အာကာသက ဒြပ်ထုတွေ ထည့်သွင်းထားပါတယ်။ တိတိကျကျ ပြောရရင်  Amino Acids ပါတဲ့ Murchison အာကာသ ကျောက်သား အပိုင်းအစတွေနဲ့ အလှဆင်ထားပါတယ်။

သိပ္ပံပညာရှင်တွေက အာကာသမှ Amino Acids ၁၅ ခုကို ရှာဖွေတွေ့ရှိထားတဲ့ Murchison အာကာသ ကျောက်သားတွေကို Caviar က အသုံးပြုထားပါတယ်။ အဲဒီ ကျောက်သားဟာ သက်တမ်း ၇ ဘီလီယမ် နှစ် ကြာမြင့်ပြီ ဖြစ်ပြီး ကမ္ဘာမြေကြီးနဲ့ Solar System ထက် ၄.၅၄ ဘီလီယမ် ပိုမိုများပြားပါတယ်။ လက်ရှိ ကမ္ဘာမှာ သက်တမ်း အရင့်ဆုံး ဒြပ်ထု ဖြစ်ပါတယ်။

အဲဒီ ဒြပ်ထုဟာ Alien Chassis Design ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး ဖုန်း အနောက်ဘက်မှာ ဂြိုလ်သားပုံ ထည့်သွင်းထားပါတယ်။

Caviar က ဂြိုလ်သား ပါတဲ့ မော်ဒယ် ၂ မျိုး ထုတ်လုပ်ထားပြီး Astral နဲ့ Starship လို့ အမည်ပေးထားပါတယ်။ Astral မှာ စကြာဝဠာရဲ့ ပုံ ထည့်သွင်းထားပြီး Starship မှာ အာကာသယာဉ် ပါပါတယ်။ Caviar က လနဲ့ အင်္ဂါဂြိုလ်မှ ကျောက်သားတွေ၊ ၂၄ ကာရက် ရွှေ၊ အဆင့်မြင့် တိုက်တေနီယမ်နဲ့ Stainless Steel တွေကို ဖုန်းမှာ ထည့်သွင်း တည်‌ဆောက်ထားပါတယ်။

အဲဒီ Custom-made iPhone 15 Pro နဲ့ Pro Max ကို ဒေါ်လာ ၉,၀၀၀ သတ်မှတ်ထားပါတယ်။

Ref : gsmarena