Apple က iPhone 12 Pro ကို ကြေညာမယ့် အချိန်ကိုတောင် မပြောသေးပါဘူး။ ဒါပေမယ့် နာမည်ကြီး စမတ်ဖုန်းတွေကို ရွှေ၊ စိန်တွေနဲ့ အလှဆင်ရောင်းချတဲ့ ရုရှား အခြေစိုက် Caviar က ဒေါ်လာ ၂၃,၃၈၀ တန် iPhone 12 Pro ကို ရောင်းချပေးမှာ ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းမှာ ၁၈ ကာရက် ရွှေတွေနဲ့ အလှဆင်ထားမှာပါ။

Caviar iPhone 12 Pro Victory Pure Gold လို့ နာမည်ပေးထားပြီး နာမည်က နန်းဆန်လှပါတယ်။ အနောက်ဘက်မှာ ကနုတ်တွေနဲ့ အလှဆင်ထားပြီး ရုရှားရဲ့ အမျိုးသား ပန်းဖြစ်တဲ့ Chamomile ပန်းကို ကိုယ်စားပြုပါတယ်။

အဲဒီဖုန်းမှာ ၀.၄၈ ကာရက် စိန်တွေ တပ်ဆင်ထားတဲ့အတွက် အရမ်းကို လှပနေမှာပါ။ ဘေးဘက်တွေမှာ ဖုန်းရဲ့ သတင်းအချက်အလက်တွေကို ဖော်ပြထားပြီး အကန့်အသတ်နဲ့ ရောင်းချမယ့် ဖုန်း ဖြစ်တဲ့အတွက် နံပါတ်စဉ်ကိုလည်း ရေးထွင်းထားမှာပါ။

Caviar က iPhone 12 Pro အတွက် Carbon နဲ့ Titanium Version တွေကိုလည်း ထုတ်လုပ် ရောင်းချမှာ ဖြစ်ပါတယ်။ အဲဒီဖုန်းတွေရဲ့ ဈေးက ဒေါ်လာ ၅၀၀၀ လောက်ပဲ ရှိမှာ ဖြစ်ပြီး Caviar က အောက်တိုဘာလမှာ ရောင်းချဖို့ စီစဉ်ထားပါတယ်။

Ref : gsmarena