တန်ဖိုးကြီး ဖုန်း ဒီဇိုင်နာ Caviar က Samsung Galaxy Z Fold 6 အတွက် Corona Collection ကို ကြေညာလိုက်ပါတယ်။ အဲဒီ Collection တွေမှာ ပရီမီယမ် ဒြပ်ထုတွေကို အသုံးပြုထားပြီး ဒီဇိုင်း တော်တော် မိုက်ပါတယ်။

Caviar Samsung Galaxy Z Fold 6 Corona Collection

Corona Collection မှာ Nautilus , Master Link နဲ့ Golden Edge စတဲ့ မော်ဒယ် ၃ ခု ပါဝင်ပါတယ်။ မော်ဒယ် ၁ ခုချင်းစီမှာ ၁၈ ကာရက် ရွှေ၊ အာကာသယာဉ် အဆင့် တိုက်တေနီယမ်နဲ့ မိကျောင်း သားရေတွေ ထည့်သွင်းထားပါတယ်။

Samsung Galaxy Z Fold 6 startet in streng limitierter "Corona"-Kollektion  mit Gold und Krokodil-Leder - Notebookcheck.com News

Nautilus နဲ့ Master Link ရဲ့ အခြေခံမော်ဒယ်တွေကို ဒေါ်လာ ၁၀,၂၀၀ နဲ့ ၁၀,၄၉၀ အသီးသီး သတ်မှတ်ထားပြီး မော်ဒယ် ၁ ခုကို ၉၉ လုံးပဲ ရောင်းချမှာ ဖြစ်ပါတယ်။ အဲဒီ Collection  ထဲမှာ တန်ဖိုးအကြီးဆုံးက ဒေါ်လာ ၇၂,၃၆၀ တန်တဲ့ Golden Edge ဖြစ်ပြီး တစ်ကမ္ဘာလုံးမှာ ၁၇ လုံးပဲ ရောင်းချမှာပါ။

Golden Edge မှာ ၁၈ ကာရက် ရွှေနဲ့ အနက်ရောင် မိကျောင်း သားရေနဲ့ တည်ဆောက်ထားပါတယ်။ လေယာဉ် အဆင့် တိုက်တေနီယမ်နဲ့ အနက်ရောင် PVD Coating ပါလာပါတယ်။ ဖုန်း အလယ်မှာ ရွှေနဲ့ သွန်းလောင်းထားတဲ့ Caviar Crown ကို ထည့်သွင်းထားပါတယ်။

Ref : gizmochina