ဒီနေ့ခေတ်မှာ စားသောက်ဆိုင်၊ Gym တွေလို အများပြည်သူနဲ့သက်ဆိုင်တဲ့ နေရာတွေကို ဝင်ချင်ရင် Covid-19 ကာကွယ်ဆေး အပြည့်အဝ ထိုးပြီးတဲ့ သက်သေခံလက်မှတ် အထောက်အထားတွေကို ပြသရပါတယ်။ အဲဒီလို ပြသဖို့ စမတ်ဖုန်းတွေကနေ QR Code တွေကို အသုံးပြုကြရပါတယ်။ စမတ်ဖုန်း မျက်နှာပြင်ကနေ မဟုတ်ဘဲ ဖုန်းရဲ့ အနောက်ဘက်မှာ ခန့်ခန့်ညားညား လှလှပပ ပြသချင်သူတွေအတွက် Caviar က တီထွင်ဆန်းသစ် ဖန်တီးပေးလိုက်ပြန်ပါပြီ။

Caviar က iPhone 13 Pro ရဲ့ အနောက်ဘက်မှာ ၁၈ ကာရက် ရွှေနဲ့ ဖန်တီးထားတဲ့ QR Code ၁ ခုကို ထည့်သွင်းပေးထားမယ့် Digital Signature Collection ထုတ်ကုန်တွေကို ရောင်းချပေးလိုက်ပါတယ်။ သင့်ကိုယ်ပိုင် QR Code ကို ထည့်သွင်းနိုင်ပြီး အဲဒီ QR Code ကနေ သင့် စီးပွားရေး လုပ်ငန်း Card ကို ပြသတာ၊ Website ကို သွားခိုင်းတာ၊ လူမှုကွန်ရက် စာမျက်နှာကို လမ်းညွှန်တာ စသဖြင့် သင့် စိတ်ကူးရှိတဲ့အရာအားလုံးကို ပြုလုပ်နိုင်ပါတယ်။

You can get an engraved iPhone 13 Pro with a gold QR code

Digital Signature Series အတွက် မော်ဒယ် ၃ မျိုး ထုတ်လုပ်ထားပြီး တန်ဖိုးအနည်းဆုံးက iPhone 13 Pro/Pro Max Black Card ဖြစ်ပါတယ်။ QR Code ကို ရွှေနဲ့ ဖန်တီးထားပြီး ကျန်တဲ့ အနောက်ဘက် တစ်ခုလုံးကို Satin PVD Titanium နဲ့ အလှဆင်ထားပါတယ်။ နောက်မော်ဒယ်က QR Matrix ဖြစ်ပြီး ပြီးခဲ့တဲ့လက ထွက်ခဲ့တဲ့ Matrix ရုပ်ရှင်ကို အတုယူထားကာ ရွှေရောင် အစက်အပြောက်တွေနဲ့ ခြယ်သထားပါတယ်။

တန်ဖိုးအကြီးဆုံးက Golden Card ဖြစ်ပြီး Black Card နဲ့ ဒီဇိုင်းတူပေမယ့် အနောက်ဘက်တစ်ခုလုံးကို ရွှေနဲ့ သွန်းလောင်းအလှဆင်ထားပါတယ်။

တန်ဖိုးအနည်းဆုံး Black Card ကို ၆,၂၂၀ ဒေါ်လာနဲ့ တန်ဖိုးအကြီးဆုံး Golden Card ကို ဒေါ်လာ ၃၅,၀၀၀ သတ်မှတ်ထားပြီး မြန်မာငွေ ၁၁၁ သိန်းနဲ့ ၆၂၅ သိန်းလောက် အသီးသီး ကျသင့်မှာပါ။ အဲဒီ မော်ဒယ်အားလုံးမှာ 128GB Storage ထည့်သွင်းထားပြီး 1TB Storage ကို လိုချင်ရင် ဒေါ်လာ ၁,၀၀၀ ပိုပေးရမှာပါ။

Ref : gsmarena