ဒူဘိုင်း အခြေစိုက် Caviar က ရွှေ၊ အဖိုးတန် ဒြပ်ထုတွေနဲ့ တည်ဆောက်ထားတဲ့ Huawei Mate X6 နဲ့ Mate 70 RS စမတ်ဖုန်းတွေကို ကြေညာလိုက်ပြီး Dragon Spring Collection လို့ အမည်ပေးထားပါတယ်။

Caviar Huawei Mate X6 and Mate 70 RS

Huawei Mate X6 ကို အခြေခံထားတဲ့ The Forged Dragon မှာ အနက်ရောင် တိုက်တေနီယမ် ကိုယ်ထည် ပါလာပြီး ရှေးခေတ် တရုတ် အနုပညာလက်ရာတွေ ထည့်သွင်းထားပါတယ်။ Huawei Mate 70 RS ကို အခြေခံထားတဲ့ The Huang He မှာ ၁၈ ကာရက်ရွှေနဲ့ အလှဆင်ထားပြီး Huang He မြစ်ကို ပုံဖော်ထားပါတယ်။ အဲဒါဟာ တရုတ်ရဲ့ အထင်ကရ မြစ်တစ်ခု ဖြစ်ပါတယ်။

Caviar က အဲဒီဖုန်းတွေကို ၈၈ လုံးပဲ ထုတ်လုပ်ရောင်းချမှာ ဖြစ်ပြီး တရုတ် ယဉ်ကျေးမှုမှာ ၈ ဂဏန်းဟာ ကံကောင်းခြင်းနဲ့ ကြီးပွားချမ်းသာခြင်းကို ရည်ညွှန်းပါတယ်။

Dragon Spring Collection ထဲမှာ စက်တင်ဘာလက ရောင်းချခဲ့တဲ့ Huawei Mate XT Ultimate Design Gold Dragon လည်း ပါဝင်ပြီး ၂၄ ကာရက်ရွှေနဲ့ အလှဆင်ထားပါတယ်။

The Forged Dragon ရဲ့ 512GB Model ကို ၁၂,၂၀၀ ဒေါ်လာနဲ့ Huang He ရဲ့ 512GB ကို ၁၁,၄၉၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ 1TB Version ကို ၁၁,၈၄၀ ဒေါ်လာနဲ့ ရောင်းချမှာပါ။

Ref : Gizmochina