Samsung က Consumer Electronics Show (CES) 2024 အကြိုအနေနဲ့ Neo QLED, OLED နဲ့ Micro LED TV တွေကို ပြသလိုက်ပါတယ်။ အားလုံးထဲမှာ အထူးခြားဆုံးက NQ8 AI Gen 3 Processor ပါတဲ့ Neo QLED (Quantum Mini LEDs) Series ဖြစ်ပါတယ်။

Samsung fires off new generation of AI-driven 8K OLED TVs | VentureBeat

အဲဒီ Processor ဟာ အရင်မျိုးဆက်ထက် များစွာ တိုးတက်လာပြီး Samsung ရဲ့ AI အခြေပြု Neural Quantum Processor နည်းပညာ ပါလာပါတယ်။ NPU Speed ကို ၂ ဆ မြန်စေပြီး Neural Network Capacity ကို ၆၄ ကနေ ၅၁၂ အထိ တိုးချဲ့ပေးနိုင်ပါတယ်။ အဲဒီအတွက် စွမ်းဆောင်ရည် ပိုကောင်းလာပြီး Screen ပေါ်မှာ လှပတဲ့ အသေးစိတ် ပုံရိပ်တွေကို ပြသပေးနိုင်ပါတယ်။

Neo QLED TV Series အတွက် 4K နဲ့ 8K ထုတ်လုပ်ထားပါတယ်။ ဒီဇိုင်းအပိုင်းမှာ Neo QLED 8K TV ဟာ အလွန်လှပပြီး အထူက ၁၂.၉ မီလီမီတာပဲ ရှိပါတယ်။ Samsung က Infinity Air Design လို့ ခေါ်ပြီး ရုပ်ပုံ အရည်အသွေး အလွန်ကောင်းရုံသာမက TV ဟာ လေထဲမှာ ပေါလောပေါ်နေသလို ခံစားရစေပါတယ်။

လုပ်ဆောင်ချက်အကြောင်းပြောရရင် Neo QLED 8K TV မှာ NQ8 AI Gen 3 ကြောင့် 8K AI Upscaling Pro Super-resolution နည်းပညာကို ထောက်ပံ့ပေးပါတယ်။ အဲဒီ နည်းပညာက Low-resolution Content ကို Ultra-high Definition ဖြစ်အောင် တိုးမြှင့်ပေးတဲ့ ရုပ်ပုံ အရည်အသွေး မကောင်းတဲ့ Content တွေကိုတောင် ကြည်လင်ပြတ်သားစေပါတယ်။

Samsung's 2024 lineup of 4K, 8K Neo QLED TVs announced with AI - SamMobile

ဒါ့အပြင် Resolution မြင့်မားတဲ့ အားကစားပွဲ ထုတ်လွှင့်မှုတွေအတွက် အသုံးဝင်တဲ့ AI Motion Enhancer Pro ပါလာပါတယ်။ ဒီလုပ်ဆောင်ချက်က လှုပ်ရှားမှု အာရုံခံခြင်း ကနေ အားကစားပွဲတွေကြည့်တဲ့အခါ ဝေဝါးတာတွေလို ပြဿနာတွေကို ဖြေရှင်းပေးပါတယ်။ ဥပမာ အပေါ်က ပုံမှာ ပြသထားသလို ဘောလုံးကို ကြည်လင်ပြတ်သားစွာ မြင်ရမှာပါ။

Real Depth Enhancer Pro ကလည်း နောက်ထပ် ထူးခြားဆန်းသစ်တဲ့လုပ်ဆောင်ချက်ပါ။ ဒီလုပ်ဆောင်ချက်က AI ကို အသုံးပြုကာ လျှင်မြန်စွာ ရွေ့လျားနေတဲ့ Scenes တွေမှာ Depth နဲ့ အသေးစိတ် သတင်းအချက်အလက်တွေကို ထည့်သွင်းပေးပါတယ်။ အဲဒီအတွက် Scene ရဲ့ အစိတ်အပိုင်းတိုင်းကို အာရုံစိုက်ခြင်းဖြင့် သဘာဝကျပြီး သုံးဖက်မြင် ပုံရိပ်တွေကို ဖန်တီးပေးပါတယ်။

အသံအတွက် Samsung က ကြိုးမဲ့ စပီကာများစွာ၊ Soundbar များစွာနဲ့ ချိတ်ဆက်နိုင်တဲ့ 2024 Q-Symphony ကို မိတ်ဆက်လိုက်ပြီး ပြည့်စုံတဲ့ Audio Synchronization ကို ရရှိစေပါတယ်။ ဒါ့အပြင် Active Voice Amplifier Pro က AI ကို အသုံးပြုကာ On-screen Dialogue နဲ့ Sound ကို တိုးတက်စေပါတယ်။

Neo QLED TV မှာ Tizen OS 2024 Version ထည့်သွင်းထားပါတယ်။ Samsung Neo QLED 8K TV Chinese Version ကို ကြိုတင်မှာယူနိုင်ပါပြီ။

Ref : gizmochina